ပြိုင်ဘက်ကစားသမားတစ်ဦးကိုကန်မှုကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံရတဲ့အာဂျင်တီးနားနည်းပြတစ်ဉီး

နည်းပြတစ်ဦးဟာပြိုင်ဘက်ကစားသမားတစ်ဦးကိုကန်မှုကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီးနောက်ပရိသတ်များရဲ့ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။

အထက်ပါအဖြစ်အပျက်မှာအာဂျင်တီးနားရဲ့ခါးသီးတဲ့ပြိုင်ဘက်များဖြစ်ကြတဲ့ ဂမ်နာစီယာနှင့်အင်ဒီပန့်ဒီးယန့်တီတို့ကစားတဲ့ပွဲမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်အသင်းက၁-၀ဂိုးဖြင့်ဦးဆောင်နေတဲ့ပွဲချိန်၂၉မိနစ်တွင်လီယိုနာဒိုဂိုဒွိုင်းဟာနည်းပြထိုင်ခုံရှေ့တွင်ဘောလုံးထိန်းရန်ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမဲ့ဂမ်နာစီယာနည်းပြဆီဘာစတီယန်အေရီရယ်ရိုမီရိုဟာကစားသမားရဲ့လမ်းကြောင်းကိုခြေလွှဲကန်ခဲ့ပါတယ်။သူ့ကန်ချက်ကကစားသမားရဲ့ခေါင်းနဲ့ကပ်လွဲသွားခဲ့တာကံကောင်းပါတယ်။

ယင်းနောက်နှစ်ကစားသမားများ၊နည်းပြအဖွဲ့ဝင်များရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးဒိုင်လူကြီးဟာနည်းပြရိုမီရိုကိုအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။

ဂမ်နာစီယာဟာနည်းပြမရှိတော့ပေမဲ့လည်း၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။နည်းပြရိုမီရိုဟာ၈၆မိနစ်တွင်ပင်နယ်တီရရှိပြီးနောက်အနိုင်ဂိုးသွင်းလိုက်ချိန်တွင်ကွင်းအတွင်းသို့ခေတ္တဝင်ရောက်လာကာအောင်ပွဲခံမှုပြုလုပ်ခဲ့ပါသေးတယ်။

သူဟာကစားသမားဘဝတုန်းကအာဂျင်တီးနားအတွက်တစ်ပွဲကစားခဲ့သူဖြစ်ပြီးတူးလော့စ်၊ရီးရဲလ်ဘက်တစ်အသင်းတို့တွင်လည်းကစားခဲ့ဖူးပါတယ်။

ZawGyi

ၿပိဳင္ဘက္ကစားသမားကို ကန္ေက်ာက္မႈေၾကာင့္ အနီကတ္ျပအထုတ္ခံခဲ့ရတဲ့ အာဂ်င္တီးနားနည္းျပ

နည္းျပတစ္ဦးဟာၿပိဳင္ဘက္ကစားသမားတစ္ဦးကိုကန္မႈေၾကာင့္အနီကတ္ျပထုတ္ပယ္ျခင္းခံရၿပီးေနာက္ပရိသတ္မ်ားရဲ႕ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

အထက္ပါအျဖစ္အပ်က္မွာအာဂ်င္တီးနားရဲ႕ခါးသီးတဲ့ၿပိဳင္ဘက္မ်ားျဖစ္ၾကတဲ့ ဂမ္နာစီယာႏွင့္အင္ဒီပန႔္ဒီးယန႔္တီတို႔ကစားတဲ့ပြဲမွာျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္အသင္းက၁-၀ဂိုးျဖင့္ဦးေဆာင္ေနတဲ့ပြဲခ်ိန္၂၉မိနစ္တြင္လီယိုနာဒိုဂိုဒြိဳင္းဟာနည္းျပထိုင္ခုံေရွ႕တြင္ေဘာလုံးထိန္းရန္ႀကိဳးပမ္းခဲ့ပါတယ္။

ဒါေပမဲ့ဂမ္နာစီယာနည္းျပဆီဘာစတီယန္ေအရီရယ္႐ိုမီ႐ိုဟာကစားသမားရဲ႕လမ္းေၾကာင္းကိုေျခလႊဲကန္ခဲ့ပါတယ္။သူ႔ကန္ခ်က္ကကစားသမားရဲ႕ေခါင္းနဲ႔ကပ္လြဲသြားခဲ့တာကံေကာင္းပါတယ္။

ယင္းေနာက္ႏွစ္ကစားသမားမ်ား၊နည္းျပအဖြဲ႕ဝင္မ်ား႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၿပီးဒိုင္လူႀကီးဟာနည္းျပ႐ိုမီ႐ိုကိုအနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။

ဂမ္နာစီယာဟာနည္းျပမရွိေတာ့ေပမဲ့လည္း၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။နည္းျပ႐ိုမီ႐ိုဟာ၈၆မိနစ္တြင္ပင္နယ္တီရရွိၿပီးေနာက္အႏိုင္ဂိုးသြင္းလိုက္ခ်ိန္တြင္ကြင္းအတြင္းသို႔ေခတၱဝင္ေရာက္လာကာေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါေသးတယ္။

သူဟာကစားသမားဘဝတုန္းကအာဂ်င္တီးနားအတြက္တစ္ပြဲကစားခဲ့သူျဖစ္ၿပီးတူးေလာ့စ္၊ရီးရဲလ္ဘက္တစ္အသင္းတို႔တြင္လည္းကစားခဲ့ဖူးပါတယ္။