
ကြာသပတေးည ကွန်ဖရန့်လိဂ် ၁၆ သင်းအဆင့်(ဒု-ကျော့) ပွဲကြိုသုံးသပ်ချက်
၀က်စ်ဟမ်း နှင့် လာနာကာ(ည ၂း၃၀)(မော်ကွန်း)
ပထမအကျော့အဝေးကွင်းမှာကတည်းကအန်တိုနီယိုရဲ့ပထမပိုင်းဂိုးတွေနဲ့ နိုင်ထားလို့ ၀က်စ်ဟမ်းဟာကွာတားကိုခြေတစ်ဖက်လှမ်းထားပြီးပါပြီ။ဆိုက်ပရပ်စ်ကလပ်ဟာပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲရှုံးခဲ့တာဖြစ်ပြီးခြေစွမ်းကွာဟချက်လည်းကြီးမားတာပါ။
ဒါ့အပြင်၀က်စ်ဟမ်းကအက်ဖ်အေကန်ရမယ့်မန်စီးတီးနဲ့ပွဲရွှေ့ထားလို့ လာမယ့်စနေ၊တနင်္ဂနွေမှာပရီးမီးယားလိဂ်ကန်ရမှာမဟုတ်ပါဘူး။လန်ဒန်ကလပ်ရဲ့သွင်းဂိုးတွေကိုရေတွက်ရဦးမယ်။
zawgyi
ခြေစွမ်းကွာတဲ့ လာနာကာကို အိမ်ကွင်းထပ်တီးမယ့် ၀က်စ်ဟမ်း