
စနေည အီတလီစီးရီးအေပွဲစဉ်-၁၁ ပွဲကြိုသုံးသပ်ချက်
အေစီမီလန် နှင့် မွန်ဇာ(ည ၁၀း၃၀)(ရွှေဘိုသား)
လက်ရှိချန်ပီယံအေစီဟာချန်ပီယံလိဂ်မှာသာ ရုန်းရဦးမှာ ဖြစ်ပေမယ့် စီးရီးအေမှာတော့ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲနိုင်ခဲ့လို့ အဆင့် ၃ နေရာ ပြန်တက်လာပါတယ်။နည်းပြပီအိုလီရဲ့အသင်းဟာ ဒီရာသီစီးရီးအေအိမ်ကွင်း ၅ ပွဲမှာ ၄ ပွဲနိုင်ခဲ့ကာ အဲဒီ ၄ ပွဲမှာ အနိမ့်ဆုံး ၂ ဂိုးနှုန်းလည်း သွင်းနိုင်ခဲ့တာပါ။
တန်းတက်မွန်ဇာကတော့နောက်ပိုင်းရလဒ်ကောင်းလာပေမယ့် ဒီရာသီအဝေးကွင်းမှာ အသင်းကြီးတွေကို အလှူပေးထားရပါတယ်။ဂီရော့ဒ်တို့တိုက်စစ် ၂ ဂိုးပြတ်ဖို့ မခက်နိုင်ပါဘူး။
မီလန်သားတွေ အောင်ပွဲခံမယ့်ည