ဂိုးအောက်ကသာပိုသေချာ

March 6, 2023 thansoe 0

အင်္ဂါည ချန်ပီယံလိဂ် ၁၆ သင်းအဆင့်(ဒု-ကျော့) ပွဲကြိုသုံးသပ်ချက် ချဲလ်ဆီး နှင့် ဒေါ့မန်(ည ၁း၃၀)(သတိုး မှော်ဘီ) ဂျာမန်မြေကပထမအကျော့တုန်းကဖိနေတဲ့အသင်းဖြစ်ပေမယ့်တန်ပြန်တိုက်စစ်ကနေတစ်လုံးတည်းသောဂိုးရသွားတာကဒေါ့မန်ပါ။ဒါကြောင့်ဒုတိယအကျော့အိမ်ကွင်းမှာတော့ ချဲလ်ဆီးဟာအစွမ်းကုန်ရုန်းလာဖို့ ရှိပါတယ်။ပြီးခဲ့တဲ့စနေကလည်းနည်းပြပေါ်တာရဲ့အသင်းဟာ၆ ပွဲဆက်နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပေမယ့်လိဒ်နဲ့ပွဲမှာရခဲ့တဲ့တစ်လုံးတည်းသောဂိုးကနောက်တန်းကစားသမားဖြစ်နေတာပါ။ ဒေါ့မန်ကတော့ဒီနှစ်ထဲမှာရာနှုန်းပြည့်နိုင်ထားပေမယ့်ပထမအကျော့အနိုင်ကြောင့်ထိန်းလာမှာဖြစ်သလိုပြိင်ပွဲစုံနောက်ဆုံးအဝေးကွင်း ၄ ပွဲမှာ ၃ ပွဲ ဂိုးမပေးခဲ့ရပါဘူး။စတမ်းဖို့ဒ်ဘရစ်ခ်ျမှာဂိုးအောက်ကသာပိုသေချာနိုင်ပါတယ်။ zawgyi စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဂိုးအောက်ကသာ ပိုသေချာ […]

ဆက်ဆူအတွက်အခက်အခဲမရှိနိုင်တဲ့အိမ်ကွင်းနိုင်ပွဲ

March 5, 2023 thansoe 0

တနင်္လာည အီတလီစီးရီးအေပွဲစဉ်-၂၅ ပွဲကြိုသုံးသပ်ချက် ဆက်ဆူအိုလို နှင့် ခရီမီုနီစီ(ည ၁၂း၀၀)(ရွှေဘိုသား) နောက်ဆုံးစီးရီးအေ ၅ ပွဲမှာနာပိုလီနဲ့တစ်ပွဲသာရှုံးပြီး ၃ ပွဲနိုင်ခဲ့တဲ့ဆက်ဆူအိုလိုဟာခြေပြန်တက်လာပါတယ်။ခရီမီုနီစီကလည်းပြီးခဲ့တဲ့အပတ်ကရိုးမားနဲ့အိမ်ကွင်းမှာသူတို့ရဲ့ဒီရာသီပထမဆုံးစီးရီးအေနိုင်ပွဲကိုစတင်ရရှိခဲ့တာပါ။ ဒါပေမဲ့ခရီမိုနီစီခံစစ်ကတော့နောက်ဆုံးစီးရီးအေ ၁၀ ပွဲစလုံးမှာဂိုးပေးခဲ့ရကာဆက်ဆူကွင်းမှာလည်းရုန်းကန်ရနိုင်ပါတယ်။ဆက်ဆူအတွက်အခက်အ ခဲမရှိနိုင်တဲ့အိမ်ကွင်းနိုင်ပွဲဖြစ်မှာပါ။ zawgyi လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာတဲ့ ဆက်ဆူအိုလို တနင်္လာည အီတလီစီးရီးအေပွဲစဉ်-၂၅ ပွဲကြိုသုံးသပ်ချက် ဆက်ဆူအိုလို နှင့် ခရီမီုနီစီ(ည […]

လန်ဒန်ဒါဘီမှာမီထရိုဗစ်တို့ကိုအားပေးရမယ်

March 5, 2023 thansoe 0

တနင်္လာည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၆ ပွဲကြိုသုံးသပ်ချက် ဘရန့်ဖို့ဒ် နှင့် ဖူလ်ဟမ်(ည ၂း၃၀)(စိုင်းကိုတောင်ကြီး) ဒီရာသီမှာမထင်မှတ်ဘဲခြေစွမ်းပြနေကြတဲ့ဘရန်ဖို့ဒ်နဲ့ ဖူလ်ဟမ်တို့ တွေ့ကြပါပြီ။ပျားတွေကလိဂ်မှာနောက်ဆုံး၁၁ ပွဲဆက်မရှုံးခဲ့ဘူးဆိုပေမယ့်နောက် ပိုင်းမှာသရေတွေချည်းကျနေတာပါ။ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၇ ပွဲဆက်မရှုံးခဲ့ဘဲ အဆင့် ၇ နေရာရောက်နေတဲ့ဖူလ်ဟမ်ကလည်းအထင်ကြီးစရာဖြစ်နေတယ်။ မာကိုဆေးလ်ဗားရဲ့အသင်းဟာနောက်ဆုံးပရီးမီးယားလိဂ်အဝေးကွင်း ၇ ပွဲမှာလည်းမန်စီးတီးနဲ့ ကာဆယ်တို့ကိုသာရှုံးခဲ့ပြီးအဲဒါတောင်ကပ်ရှုံးခဲ့တာပါ။ဒီလန်ဒန်ဒါဘီမှာမီထရိုဗစ်တို့ ပျားတုပ်မခံရနိုင်ပါဘူး။ zawgyi လန္ဒန္ဒါဘီမွာ ပ်ားတုပ္မခံရႏိုင္တဲ့ […]

ဒီယာဘီတို့လေဗာတိုက်စစ် ဂိုးပြတ်၊ မပြတ်သာကြည့်ရမယ်

March 4, 2023 thansoe 0

တနင်္ဂနွေည ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်-၂၃ ပွဲကြိုသုံးသပ်ချက် လေဗာကူဆင် နှင့် ဟာသာဘာလင်(ည ၉း၀၀)(အိုဇုန်း) နောက်တစ်ဆင့်တက်ခဲ့တဲ့ယူရိုပါလိဂ်ဘက်မှာပိုအားစိုက်လို့သာလေဗာကူဆင်ဟာဘွန်ဒက်စ်လီဂါမှာ ၂ ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာပါ။တန်းဆင်းဇုန်ဖိအားနဲ့ ဟာသာဘာလင်ကတော့ပြီးခဲ့တဲ့အပတ်ကအနိုင်ရခဲ့ပေမယ့်အိမ်ကွင်းမို့ ဖြစ်ပါတယ်။ ဒီနှစ်ထဲကအဝေးကွင်းပွဲတိုင်းရှုံးထားတဲ့ဟာသာဟာဘွန်ဒက်စ်လီဂါမှာနောက်ဆုံးအဝေးကွင်း ၆ ပွဲစလုံးလည်းရှုံးထားတာပါ။ဒီယာဘီတို့လေဗာတိုက်စစ် ဂိုးပြတ်၊ မပြတ်သာကြည့်ရမယ်။ zawgyi ဟာသာကို အဝေးကွင်းရှုံးပွဲဆက်စေဦးမယ့် လေဗာကူဆင် တနင်္ဂနွေည ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်-၂၃ ပွဲကြိုသုံးသပ်ချက် လေဗာကူဆင် […]

တနင်္ဂနွေညအတွက်စိုင်းကိုတောင်ကြီးရဲ့လက်ဆောင်

March 4, 2023 thansoe 0

တနင်္ဂနွေအတွက် စိုင်းကို(တောင်ကြီး)ရဲ့အပိုင်တစ်ပွဲ PlayMaker Journal မှာ တနင်္ဂနွေအတွက်စဉ်းစားထားတဲ့အပိုင်တစ်ပွဲကတော့စီးရီးအေပွဲတွေထဲကနောက်ဆုံးပွဲဖြစ်တဲ့ ည ၂း၁၅ ကစားမယ့်ရိုးမားနဲ့ ဂျူဗင်တပ်တို့ရဲ့ပွဲပါ။ ရိုးမားဟာပြီးခဲ့တဲ့အပတ်တုန်းကဇယားအောက်ခြေအသင်းကိုမမျှော်လင့်ဘဲရှုံးခဲ့တာကြောင့်ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်သွားပါတယ်။ အဲဒါကြောင့်လည်းအမှတ်ပေးဇယားမှာအေစီမီလန်ရဲ့ကျော်တက်ခြင်းခံရပြီးအဆင့် ၅ ဖြစ်သွားတာပါ။ ဂျူဗင်တပ်ကတော့တောက်လျှောက်နိုင်ပွဲပြန်ဆက်လာလို့ ဥရောပဝင်ခွင့်တစ်နေရာအတွက်တောင်မျှော်လို့ရလာပါတယ်။ ဒါတောင်အမှတ်လျှော့ခံထားရလို့ဖြစ်ပြီးအဲဒီလိုမှမဟုတ်ရင်အယ်လီဂရီရဲ့အသင်းဟာဒီအချိန်မှာအေးဆေးဖြစ်နေမှာပါ။ အခုဆို ရိုးမားနဲ့ ဂျူဗင်တပ်တို့ကြားမှာ ၉ မှတ်သာကွာတော့တယ်။ ရလဒ်ပိုင်းမတည်ငြိမ်ပေမယ့်ရိုးမားဟာစီးရီးအေကအိမ်ကွင်းမှာတော့တောက်လျှောက်နိုင်ထားပါတယ်။ မော်ရင်ဟိုရဲ့အသင်းဟာနောက်ဆုံးစီးရီးအေအိမ်ကွင်း ၄ […]

ပြန်ရုန်းထနိုင်မယ့်ဘင်ဇီးမာတို့ရီးရဲလ်

March 4, 2023 thansoe 0

တနင်္ဂနွေည စပိန်လာလီဂါပွဲစဉ်-၂၄ ပွဲကြိုသုံးသပ်ချက် ဘက်တစ် နှင့် ရီးရဲလ်(ည ၂း၃၀)(ဆရာစော) ဘက်တစ်ကနိုင်ပွဲပြန်ဆက်နေပေမယ့်ဇယားအောက်ခြေကအယ်ချီလိုအသင်းကိုတောင် ၂ ဂိုးပြန်ပေးခဲ့ရတာပါ။ရီးရဲလ်ကတော့ခြေအသာနဲ့ ရှုံးခဲ့ရတဲ့အယ်ကလက်စီကိုအိပ်မက်ဆိုးကနေအမြန်ဆုံးပြန်ရုန်းထချင်နေပါတယ်။ အန်စလော့တီရဲ့အသင်းဟာဘက်တစ်နဲ့ အဝေးကွင်းတွေ့ဆုံမှုနောက်ဆုံး ၆ ပွဲမှာလည်း ၅ ပွဲနိုင်ထားတာပါ။ဘင်ဇီးမာတို့ရီးရဲလ်ပြန်ရုန်းထနိုင်လိမ့်မယ်။ zawgyi အယ်ကလက်စီကိုအရှုံးက ပြန်ရုန်းထမယ့် ရီးရဲလ် တနင်္ဂနွေည စပိန်လာလီဂါပွဲစဉ်-၂၄ ပွဲကြိုသုံးသပ်ချက် ဘက်တစ် […]

သရဲနီတို့ ခေါင်းမော့ရင်ကော့နိုင်မှာပါ

March 4, 2023 thansoe 0

တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၆ ပွဲကြိုသုံးသပ်ချက် လီဗာပူး နှင့် မန်ယူ(ည ၁၁း၀၀)(စိုင်းကိုတောင်ကြီး) ကြိုးကြာနီတို့ကပရီးမီးယားလိဂ်မှာအခြေအနေပြန်ကောင်းလာပေမယ့်အကောင်းဆုံးပုံစံတော့မရှိသေးပါဘူး။အထူးသဖြင့်မိုဆာလာတို့တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေရှိပါသေးတယ်။သရဲနီတို့ကတော့ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး၁၁ ပွဲစလုံးမှာ မရှုံးခဲ့ဘဲ ၉ ပွဲနိုင်ထားတာပါ။ တန်ဟက်ရဲ့အသင်းဟာအောက်တိုဘာနှောင်းပိုင်းကတည်းကပွဲတိုင်းဂိုးရသလိုအသင်းလိုက်စိတ်ဓာတ်ကလည်းအမြင့်ဆုံးမှာ ရှိနေပါတယ်။အနီရောင်ဒါဘီမှာသရဲနီတို့ ခေါင်းမော့ရင်ကော့နိုင်မှာပါ။ zawgyi သရဲနီတို့ ခေါင်းမော့ရင်ကော့နိုင်မယ့် အနီရောင်ဒါဘီ တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၆ ပွဲကြိုသုံးသပ်ချက် လီဗာပူး နှင့် […]

ချန်ပီယံလိဂ်ရှိနေလို့ထိန်းကစားမယ့်အေစီကြောင့်ဂိုးအောက်ပဲကြိုက်

March 3, 2023 thansoe 0

စနေည အီတလီစီးရီးအေပွဲစဉ်-၂၅ ပွဲကြိုသုံးသပ်ချက် ဖီအိုရင်တီးနား နှင့် အေစီမီလန်(ည ၂း၁၅)(ရွှေဘိုသား) ဇယားအလယ်ကဖီအိုရင်တီးနားဟာပြီးခဲ့တဲ့အပတ်ကမှစီးရီးအေမှာနိုင်ပွဲပြန်ရှာတွေ့ခဲ့တာပါ။ဒါပေမဲ့ဖီအိုရင်တီးနားဟာအသင်းကြီးတွေကိုအခက်တွေ့စေနိုင်ပြီးအဲဒီပွဲတွေမှာရှုံးလည်း ၁-ဝ၊ ၂-၀ ထက်မပိုပါဘူး။ ပေးဂိုးမဲ့တွေနဲ့ နောက်ဆုံး ၄ ပွဲဆက်နိုင်ထားတဲ့အေစီကတော့ချန်ပီယံလိဂ်ရှိနေလို့ ဂိုးစရရင်ထိန်းသွားမယ့်အသင်းပါ။ဒါကြောင့်ဂိုးအောက်သာရွေးချင်ပါတယ်။ zawgyi ဂိုးအောက်သာ ရွေးချင် စနေည အီတလီစီးရီးအေပွဲစဉ်-၂၅ ပွဲကြိုသုံးသပ်ချက် ဖီအိုရင်တီးနား နှင့် အေစီမီလန်(ည […]

Diamond Seven ရဲ့ လက်ဆောင်

March 3, 2023 thansoe 0

စနေ အပိုင်တွစ်ကွက်ရွေးချယ်မှု Diamond Seven မိန့်ဇ် – ဟော့ဖန်ဟိမ်း မိန့်ဇ် မိန့်ဇ်ရဲ့ခြေစွမ်းထက်မြက်မှုကလတ်တလောမှာတော့ထိပ်တန်းအဆင့်ဖြစ်နေပြီးအိမ်ကွင်း ၊အဝေးကွင်းမရွေးအရမ်းကောင်းမွန်နေတာတွေ့ရတယ်။ အော့စ်ဘတ်၊ လေဗာကူဆင်၊ ဂလက်ဘတ်တို့နဲ့ နောက်ဆုံး ၃ပွဲဆက်အနိုင်ရခဲ့ရာမှာတိုက်စစ်ကတစ်ပွဲ ၃ဂိုးနဲ့အထက်သွင်းယူနိုင်ပြီးဂိုးသွင်းခြေစွမ်းထက်မြက်လွန်းနေတယ်။လီဂျေဆန်၊ အင်ဗက်ဆန်၊ အဂျော်ကွီ တို့ရဲ့ တိုက်စစ်ကစားပုံအထူးကောင်းမွန်နေပြီးအိမ်ကွင်းဆိုဂိုးသွင်းခြေပိုတွေ့နေတာမို့ ဟော့ဖန်ဟိမ်းခံစစ်ကိုထိုးဖောက်ဖို့ အခက်အခဲမရှိနိုင်ပါဘူး။အိမ်ကွင်းကစားအားကောင်းကိုဆက်ထိန်းပြီးအနိုင်ရလဒ်ကိုမိန့်ဇ်ဦးတည်ကစားလာမှာပါ။ ဟော့ဖန်ဟိမ်း ဟော့ဖန်ဟိမ်းကထင်မှတ်မထားလောက်ခြေစွမ်းကျဆင်းသွားတာတွေ့ရပြီးဒုတိယရာသီဝက်ပြန်စပြီးကစားခဲ့တဲ့၈ပွဲစလုံး နိုင်ပွဲမရခဲ့ဘဲ […]

လမ်းကြောင်းမှန်ပေါ်ပြန်ရောက်နေတဲ့အာဆင်နယ်ပဲအားပေးရမယ်

March 3, 2023 thansoe 0

စနေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၆ ပွဲကြိုသုံးသပ်ချက် အာဆင်နယ် နှင့် ဘုန်းမောက်(ည ၉း၃၀)(စိုင်းကိုတောင်ကြီး) ကြားရက်ပွဲကျန်မှာဒိုင်ချီလက်ထက်မာပါတယ်ဆိုတဲ့တော်ဖီတွေကိုဂိုးပြတ်တီးလိုက်ပြီးနောက်ဂန်းနားတို့ဟာဇယားထိပ်မှာ ၂ မှတ်ဖြတ်ကနေ ၅ မှတ်ဖြတ်ဖြစ်သွားတယ်။နောက်ဆုံး ၃ ပွဲဆက်အနိုင်နဲ့အတူအာတီတာရဲ့အသင်းဟာလမ်းကြောင်းမှန်ပေါ်လည်းပြန်ရောက်နေတာပါ။ တန်းဆင်းဇုန်ထဲကဘုန်းမောက်ကတော့ပြီးခဲ့တဲ့အပတ်ကမန်စီးတီးပြုသမျှနုခဲ့ရပါတယ်။အဲဒီတန်းတက်အသင်းကဒီရာသီမှာဘယ်အသင်းကြီးကိုပဲဖြစ် ဖြစ်အမှတ်အလှူပေးခဲ့ရတာပါ။ဂန်နားတို့ကဘုန်းမောက်နဲ့အိမ်ကွင်းတွေ့ဆုံမှုနောက်ဆုံး ၅ ပွဲစလုံးကိုလည်းနိုင်ထားပါတယ်။အမြောက်သံတွေကျယ်လောင်နေမယ့်ညပါ။ zawgyi အမြောက်သံတွေ ကျယ်လောင်နေမယ့်ည စနေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၆ ပွဲကြိုသုံးသပ်ချက် အာဆင်နယ် […]