စနေညအတွက် Diamond Seven ရဲ့ခန့်မှန်းသုံးသပ်ချက်

March 31, 2023 thansoe 0

စနေ အပိုင်တစ်ကွက်ရွေးချယ်မှု Diamond Seven ဂျူဗင်တပ်-ဗီရိုနာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ အားလုံးစောင့်မျှော်နေတဲ့ ကလပ်အသင်း ပြိုင်ပွဲတွေပြန်လည်စတင်မှုနဲ့အတူ ဘောလုံးချစ် ပရိသတ်တွေအတွက် စနေအကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှု ပြန်လည်ရောက်လာခဲ့ပါပြီ။ ယခုတစ်ပတ်ရဲ့ စနေအပိုင်တစ်ကွက်ကိုစီးရီးအေပွဲစဉ်များထဲမှ ရွေးချယ်ပေးချင်ပါတယ်။ ဂျူဗင်တပ် ဂျူဗင်တပ်က စီးရီးအေမှာ ၁၅ မှတ်လျှော့ပြစ်ဒဏ်ခံခဲ့ရလို့ အဆင့်-၇ အထိရောက်နေခဲ့ရတာဖြစ်ပြီး မဟုတ်ရင်တော့ အဆင့်-၂နေရာကနေပြီး […]

အမ်းမရိတ်စ်မှာဂိုးသွင်းပွဲတော်ကြီးရှိနေတယ်

March 31, 2023 thansoe 0

စနေညအင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၉ ပွဲကြိုသုံးသပ်ချက် အာဆင်နယ် နှင့် လိဒ်(ည ၈း၃၀)(စိုင်းကိုတောင်ကြီး) ၈ မှတ်ဖြတ်ဦးဆောင်သူဂန်းနားတို့ဟာနောက်ဆုံးပရီးမီးယားလိဂ်အိမ်ကွင်း ၃ပွဲစလုံးမှာဂိုးမြူးထားပါတယ်။ဒါပေမဲ့ဘုန်းမောက်နဲ့ပဲလေ့စ်တို့လိုအသင်း တွေကိုတောင်ဂိုးပြန်ပေးခဲ့ရတဲ့အာဆင်နယ်ခံစစ်ဟာတိုမီယာဆုနဲ့ဆာလီဘာတို့ရဲ့ဒဏ်ရာကြောင့်ပိုပြီးအားနည်းသွားမှပါ။ တန်းဆင်းဇုန်ဖိအားရှိနေတဲ့လိဒ်ကတော့တိုက်စစ်မှာလူပြန်စုံလာလို့ သွင်းဂိုးတွေပြန်ကြမ်းလာပါတယ်။ပြီးခဲ့တဲ့ရာသီတွေကလိုပဲလ်ိဒ်ဟာအမ်မရိတ်စ်မှာ ဂိုးသွင်းနိုင်စွမ်းရှိနေတာပါ။အမ်းမရိတ်စ်မှာဂိုးသွင်းပွဲတော်ကြီးရှိနေတယ်လို့လမ်းညွှန်ချင်ပါတယ်။ zawgyi တူရွှင်နွှဲပျော် အမ်းမရိတ်စ်က ဂိုးသွင်းပွဲတော် စနေညအင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၉ ပွဲကြိုသုံးသပ်ချက် အာဆင်နယ် နှင့် လိဒ်(ည ၈း၃၀)(စိုင်းကိုတောင်ကြီး) ၈ မှတ်ဖြတ် […]

ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရရှိတဲ့ကစားသမားများစာရင်းထွက်ပေါ်လာ

March 31, 2023 thansoe 0

ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရရှိတဲ့ကစားသမားများစာရင်းထွက်ပေါ်လာပါတယ်။မန်စီးတီးကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းကပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရရှိတဲ့ကစားသမားအဖြစ်ရပ်တည်နေပါတယ်။ အသက်၃၁နှစ်ရှိမန်စီးတီးစတားဟာတစ်ပတ်လုပ်ခပေါင်၄၂၅၀၀၀ဖြင့်ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရကစားသမားအဖြစ်ရပ်တည်နေပါတယ်။ ကီဗင်ဒီဘရိုင်းပြီးလျှင်ပရီးမီးယားလိဂ်ရဲ့ဒုတိယလုပ်ခအများဆုံးရကစားသမားအဖြစ် မန်စီးတီးကစားဖော်အာလင်းဟာလန်းကတစ်ပတ်လုပ်ခပေါင်၄၀၀၀၀၀ဖြင့်ရပ်တည်နေပါတယ်။ အာလင်းဟာလန်းဟာနွေရာသီတွင်မန်စီးတီးသို့ရောက်လာပြီးနောက်ပြိုင်ပွဲအရပ်ရပ်တွင်၃၇ပွဲကစားထားရာမှာ၄၂ဂိုးသွင်းယူထားရာသူ့အတွက်ပေးရတဲ့တန်ကြေးထက်ထိုက်တန်တဲ့ခြေစွမ်းပြနပေးနေတယ်လို့ပြောနိုင်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့တတိယလုပ်အများဆုံးကစားသမားအဖြစ်ယူနိုက်တက်ဂိုးသမားဒေးဗစ်ဒီဂီယာကတစ်ပတ်လုပ်ခပေါင်၄၀၂၂၅၀ဖြင့်ရပ်တည်နေပါတယ်။ဒီဂီယာဟာယူနိုက်တက်ရဲ့လုပ်ခအများဆုံးရကစားသမားဖြစ်ပြီးလက်ရှိစာချုပ်မှာယခုရာသီအကုန်တွင်ကုန်ဆုံးပါမယ်။ ပရီးမီးယားလိဂ်ရဲ့စတုတ္ထလုပ်ခအများဆုံးရကစားသမားအဖြစ်မိုဟာမက်ဆာလက်ကတစ်ပတ်လုပ်ခပေါင်၃၇၃၇၅၀ဖြင့်ရပ်တည်နေပါတယ်။မိုဟာမက်ဆာလက်ဟာနွေရာသီတုန်းကချုပ်ဆိုခဲ့တဲ့စာချုပ်သစ်ကြောင့်လုပ်ခများစွာတိုးမြှင့်ရရှိလာတာလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ပဥ္စမလုပ်ခအများဆုံးကစားသမားအဖြစ်ယူနိုက်တက်စတားဂျာဒွန်ဆန်ချိုကတစ်ပတ်ပေါင်၃၇၃၇၅၀ဖြင့်ရပ်တည်နေပါတယ်။ ဆန်ချိုဟာယခုရာသီတွင်ခြေစွမ်းမမှန်မှု၊စိတ်ကျဝေဒနာတို့ခံစားနေရသူဖြစ်ပြီးအောက်တိုဘာလနှောင်းပိုင်းတွင်ယူနိုက်တက်အတွက်ပရီးမီးယားလိဂ်ပွဲ၂ပွဲတည်းသာပွဲထွက်ကစားခွင့်ရထားပါတယ်။

Twitch တွင် Live လွှင့်နေစဉ်နှလုံးခုန်နှုန်းမမှန်မှုကြုံခဲ့ရပြန်တဲ့အဂွဲရိုး

March 31, 2023 thansoe 0

မန်စီးတီးဂန္ထဝင်တိုက်စစ်မှူးဆာဂျီယိုအဂွဲရိုဟာTwitch တွင် Live လွှင့်နေစဉ်နှလုံးခုန်နှုန်းမမှန်မှုကြုံခဲ့ရပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟောင်းဟာမန်စီးတီးမှထွက်ခွာကာဘာစီလိုနာတွင်ကစားနေစဉ်အတွင်းနှလုံးခုန်နှုန်းမမှန်မှုကြောင့်ကစားသမားဘဝမှအနားယူခဲ့ရသူလည်းဖြစ်ပါတယ်။ အသက်၃၄နှစ်ရှိကစားသမားဟောင်းဟာသူ့ရဲ့ Twitch အကောင့်မှတဆင့်ပုံမှန် Live ထုတ်လွှင့်မှုများပြုလုပ်လာခဲ့ပါတယ်။ သူဟာဗုဒ္ဓဟူးနေ့တုန်းက Twitch မှ Live လွှင့်နေစဉ်ပရိသတ်များအတွက်အကြီးအကျယ်စိုးရိမ်စရာအခြေအနေကြုံခဲ့ရပါတယ်။ သူဟာ Ibai Llanos နှင့် Live လွှင့်နေစဉ်ခေတ္တရပ်ပြီးရင်ဘတ်ကိုလက်ဖြင့်အုပ်ထားခဲ့တာတွေ့ရပါတယ်။ Ibai Llanos က “ဘာဖြစ်တာလဲဟေ့လူ”လို့မေးမြန်းခဲ့ပါတယ်။ […]

ပက်ဂွါဒီယိုလာ၊ဂျာဂင်ကလော့ပ်နှင့်ဂရေဟမ်ပေါ်တာတို့ကိုကျော်ဖြတ်ကာကမ္ဘာ့လုပ်ခအများဆုံးနည်းပြဖြစ်နေသူ

March 31, 2023 thansoe 0

အက်သလက်တီကိုမက်ဒရစ်နည်းပြဒီယေဂိုဆီမြွန်နီဟာအံ့ဩစရာကောင်းလောက်အောင်ပင် ပက်ဂွါဒီယိုလာ၊ဂျာဂင်ကလော့ပ်နှင့်ဂရေဟမ်ပေါ်တာတို့ကိုကျော်ဖြတ်ကာကမ္ဘာ့လုပ်ခအများဆုံးနည်းပြအဖြစ်ရပ်တည်နေပါတယ်။ အာဂျင်တီးနားလူမျိုးနည်းပြဟာအက်သလက်တီကိုမက်ဒရစ်တွင်တစ်နှစ်လုပ်ခပေါင်၂၉.၈သန်းအထိရရှိနေပြီးကမ္ဘာ့လုပ်ခအများဆုံးနည်းပြအဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်။ ဒီယေဂိုဆီမြွန်နီပြီးလျှင်ဒုတိယလုပ်ခအများဆုံးရရှိတဲ့နည်းပြအဖြစ်ရပ်တည်နေတာကတော့ပက်ဂွါဒီယိုလာဖြစ်ပြီးတစ်နှစ်လုပ်ခပေါင်၁၉.၇သန်းဖြင့်ရပ်တည်နေပါတယ်။ တတိယလုပ်ခအများဆုံးရရှိတဲ့နည်းပြအဖြစ်လီဗာပူးနည်းပြကလော့ပ်ကပေါင်၁၅.၇သန်းဖြင့်ရပ့်တည်နေပါတယ်။ နောက်ထပ်အံ့ဩသင့်စရာကောင်းတာကတော့ကမ္ဘာ့စတုတ္ထလုပ်ခအများဆုံးနည်းပြအဖြစ်ရပ်တည်နေတာကတော့ချဲလ်ဆီးတွင်ရလဒ်ကောင်းများရရှိရန်ရုန်းကန်နေရတဲ့ဂရေဟမ်ပေါ်တာကရပ်တည်နေတာပါ။ဂရေဟမ်ပေါ်တာကချဲလ်ဆီးတွင်တစ်နှစ်လုပ်ခပေါင်၁၂သန်းအထိရရှိနေပြီး အခြားထိပ်တန်းနည်းပြများဖြစ်ကြတဲ့အယ်လီဂရီ၊သောမတ်စ်တူချယ်၊အန်ဆယ်လော့တီ၊ဟိုဆေးမော်ရင်ဟိုတို့ထက်လုပ်ခများစွာရရှိနေတာဖြစ်ပါတယ်။ ဂရေဟမ်ပေါ်တာဟာစက်တင်ဘာလတွင်ချဲလ်ဆီးနည်းပြဖြစ်လာပြီးနောက် ပွဲ၃၀ကိုင်တွယ်ထားရာမှာ၁၂ပွဲတည်းသာနိုင်ပွဲရရှိအောင်ဦးဆောင်ထားနိုင်ကာ၁၀ပွဲအထိရှုံးပွဲကြုံထားပါတယ်။ဒါပေမဲ့သူဟာစတမ်းဖို့ဒ်ဘရစ်ချ်တွင်တစ်ပတ်လုပ်ခပေါင်၂၂၉၁၈၀၊ တစ်လလုပ်ခပေါင်၉၉၃၁၁၇ရရှိနေပါတယ်။ L’Equipe ကဖော်ပြလာတဲ့ ကမ္ဘာ့လုပ်ခအများဆုံးရရှိတဲ့နည်းပြ၁၂ဦးစာရင်းရဲ့အဆင့်၅နေရာတွင်ဂျူဗင်တပ်နည်းပြအယ်လီဂရီကပေါင်၁၁.၃သန်းဖြင့်ရပ်တည်နေပြီးအဆင့်၆နေရာမှာဘိုင်ယန်မြူးနစ်နည်းပြသောမတ်စ်တူချယ်ကပေါင်၉.၆သန်းဖြင့်ရပ်တည်နေပါတယ်။ ရီးရဲလ်မက်ဒရစ်နှင့်အတူအောင်မြင်မှုများရယူနေတဲ့ကာလိုအန်ဆယ်လော့တီကတစ်နှစ်လုပ်ခပေါင်၉.၆သန်းတည်းသာရရှိနေကာအဆင့်၇နေရာမှာပဲရပ်တည်နေပါတယ်။အဆင့်၈နေရာမှာအင်တာမီလန်နည်းပြအင်ဇာဂီကပေါင်၈.၈သန်းဖြင့်လည်းကောင်း၊အဆင့်၉နေရာတွင်ရိုးမားနည်းပြမော်ရင်ဟိုကပေါင်၈.၁သန်းဖြင့်လည်းကောင်း၊အဆင့်၁၀နေရာတွင်လေဗာကူဆင်နည်းပြအလွန်ဆိုကပေါင်၄.၄သန်းဖြ့င့်လည်းကောင်း၊အဆင့်၁၁နေရာတွင်ဝုဖ်ဘတ်နည်းပြနီကိုကိုဗစ်ကပေါင်၃.၅သန်းဖြင့်လည်းကောင်း၊အဆင့်၁၂နေရာတွင်ဘာစီလိုနာနည်းပြဇာဗီးကပေါင်၃.၄သန်းဖြင့်လည်းကောင်းရပ်တည်နေပါတယ်။

အာဖရိကဖလားခြေစစ်ပွဲစဉ်တွင်ကိုယ့်အသင်းကိုအားမပေးဘဲဆာလက်ရဲ့အီဂျစ်အသင်းကိုအားပေးလို့ဝေဖန်ခံနေရတဲ့မာလဝီပရိသတ်များ

March 31, 2023 thansoe 0

မာလဝီနည်းပြမာရီယိုမာရီနီကာဟာအီဂျစ်နှင့်ရင်ဆိုင်ကစားရတဲ့အာဖရိကဖလားခြေစစ်ပွဲစဉ်တွင်ကိုယ့်အသင်းကစားသမားများကိုအားမပေးဘဲဧည့်သည်အီဂျစ်အသင်းကိုပိုအားပေးခဲ့ကြတဲ့မာလဝီပရိသတ်များကိုအပြင်းအထန်ဝေဖန်သွားပါတယ်။ မာလဝါဟာအင်္ဂါနေ့တုန်းကအာဖရိကဖလားခြေစစ်ပွဲတွင်အီဂျစ်ကို၄-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။မာလဝီဟာအီဂျစ်ရှုံးပွဲကြောင့်လာမယ့်နှစ်တွင်ကျင်းပမဲ့အိုင်ဗရီကို့စ်အာဖရိကဖလားပြိုင်ပွဲကိုလွဲချော်ရန်သေချာသလောက်အနေအထားသို့ရောက်သွားပါတယ်။ မာလဝီနည်းပြမာရီနီကာကအိမ်ကွင်းပရိသတ်များကပါအီဂျစ်အသင်းကိုအားပေးနေမှုနှင့်ပွဲမှာပိုမိုခက်ခဲသွားစေခဲ့ကြောင်းဆိုသွားပါတယ်။ ၎င်းက “မာလဝီသားတွေမာလဝီကိုချစ်တယ်လို့မထင်ဘူးလို့ပဲပြောချင်တယ်။ဒါကိုရှင်းရှင်းလေးပဲမြင်ခဲ့ရတယ်။ကျွန်တော်တို့အားလုံးအီဂျစ်ကိုအားပေးဖို့ရောက်လာကြတယ်။သူတို့ဟာမာလဝီကိုအားမပေးပါဘူး။မာလဝီအသင်းကကိုယ့်မာလဝီသားတွေအပါအဝင်အားလုံးကိုယှဉ်ပြိုင်ခဲ့ရတယ်။သူတို့ကကျွန်တော်တို့ကိုမကြိုက်ကြဘူး”လို့ပြောကြားသွားပါတယ်။ မာလဝီဟာသောကြာနေ့တုန်းကလည်းအုပ်စု(ဃ)ပွဲတွင်အီဂျစ်ကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။အီဂျစ်စူပါစတားမိုဟာမက်ဆာလက်ဟာမာလဝီနှင့်ရင်ဆိုင်ကစားရတဲ့နှစ်ပွဲလုံးတွင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အီဂျစ်ဟာအုပ်စု(ဃ)တွင်ရမှတ်၉မှတ်ရရှိထားပြီးထိပ်ဆုံးနေရတွင်ဂီနီနှင့်ပူးတွဲရပ်တည်နေပါတယ်။

ယူရို၂၀၂၄ခြေစစ်ပွဲများကိုလွဲချော်ခဲ့ပေမဲ့နယူးကာဆယ်နှင့်ပွဲတွင်ပါဝင်ကစားရန်အသင့်ဖြစ်နေတဲ့ရက်ဖို့ဒ်

March 31, 2023 thansoe 0

မားကပ်စ်ရက်ဖို့ဒ်ဟာဒဏ်ရာပြဿနာကြောင့်အင်္ဂလန်အသင်းရဲ့ယူရို၂၀၂၄ခြေစစ်ပွဲများကိုလွဲချော်ခဲ့ပေမဲ့လည်းယခုအပတ်အကုန်တွင်ကစားရမဲ့ယူနိုက်တက်ရဲ့နယူးကာဆယ်နှင့်ပွဲတွင်ပါဝင်ကစားရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းသိရပါတယ်။ မားကပ်စ်ရက်ဖို့ဒ်ဟာဖူလ်ဟမ်ကိုအနိုင်ရရှိတဲ့အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင်ဒဏ်ရာရရှိသွားပြီးနောက်အင်္ဂလန်အသင်းလူစာရင်းမှနုတ်ထွက်ခဲ့ရကာအီတလီ၊ယူကရိန်းတို့ကို အနိုင်ရတဲ့ယူရို၂၀၂၄ခြေစစ်ပွဲများကိုလွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့မားကပ်စ်ရက်ဖို့ဒ်ဟာတနင်္လာနေ့မှစတင်ကာကာရင်တန်လေ့ကျင့်ရေးကွင်းသို့လာရောက်ကာယူနိုက်တက်အသင်းနှင့်အတူလေ့ကျင့်ခန်းစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ သူဟာအစောပိုင်းတွင်အပေါ့စားလေ့ကျင့်ခန်းမျှသာပြုလုပ်နိုင်ခဲ့ပေမဲ့လည်းယခုအခါကစားဖော်များနှင့်အတူလေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်တာကြောင့်တနင်္ဂနွေနေ့နယူးကာဆယ်နှင့်ပွဲတွင်ပါဝင်ကစားရန်အသင့်ဖြစ်နေပြီဖြစ်ပါတယ်။ မားကပ်စ်ရက်ဖို့ဒ်ဟာယခုရာသီတွင်ယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၄၄ပွဲကစားထားရာမှာ၂၇ဂိုးသွင်းထားသူဖြစ်ပြီးယူနိုက်တက်ရဲ့အဓိကဂိုးသွင်းရှင်အဖြစ်ရပ်တည်နေသူဖြစ်ပါတယ်။အထူးသဖြင့်သူဟာအင်္ဂလန်နှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲတွင်၃ဂိုးသွင်းကာခြေစမ်းပြနိုင်ပြီးနောက်ယူနိုက်တက်အတွက်၂၄ပွဲကစားထားရာမှာ၁၉ဂိုးအထိသွင်းထားနိုင်ပါတယ်။ မားကပ်စ်ရက်ဖို့ဒ်ပြန်ကစားလာနိုင်မှုကချန်ပီယံလိဂ်ဝင်ခွင့်အတွက်တိုက်ပွဲဝင်နေတဲ့ယူနိုက်တက်အတွက်သတင်းကောင်းဖြစ်နေပါတယ်။ ယူနိုက်တက်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၃နေရာတွင်ရပ်တည်နေပေမဲ့လည်းချန်ပီယံလိဂ်ဝင်ခွင့်ထိပ်ဆုံး၄သင်းစာရင်းဝင်ရေးအတွက်ပြင်းထန်တဲ့တိုက်ပွဲကြုံနေရပါတယ်။ချန်ပီယံလိဂ်ဝင်ခွင့်အဆင့်၃နှင့်၄နေရာတို့အတွက်အသင့်း၆သင်းအထိယှဉ်ပြိုင်နေပြီး၎င်းတို့အကြားရမှတ်၈မှတ်တည်းသာကွာဟနေပါတယ်။

မက်ဆီကိုသက်တမ်းတိုးချုပ်ဆိုခြင်းမပြုလုပ်ရန်စဉ်းစားနေတဲ့ပီအက်စ်ဂျီ

March 31, 2023 thansoe 0

ပီအက်စ်ဂျီဟာလီယွန်နယ်မက်ဆီရဲ့စာချုပ်ကိုသက်တမ်းတိုးချုပ်ဆိုခြင်းမပြုလုပ်ရန်အလေးအနက်ထားစဉ်းစားနေကြောင်းသိရပါတယ်။ လီဂူး၁ထိပ်သီးကလပ်ဟာယူအီးအက်ဖ်အေရဲ့ဘဏ္ဍာရေးမျှတစွာသုံးစွဲရေးဥပေဒနှင့်ညှိစွန်းလာနိုင်တဲ့အနေအထားမျိုးမှာရှိနေတာကြောင့်အသင်းရဲ့အသုံးစရိတ်ကိုလျှော့ချရန်စဉ်းစားနေပါတယ်။ ပီအက်စ်ဂျီဟာပြီးခဲ့တဲ့ရာသီတုန်းက FFP စည်းမျဉ်းချိုးဖောက်မှုကြောင့်ပေါင်၈.၆သန်းဒဏ်ရိုက်ခြင်းခံခဲ့ရပြီးနောင်တွင်ထပ်မံချိုးဖောက်လာပါကပေါင်၅၆.၃သန်းအထိဒဏ်ရိုက်ခံလာရပါမယ်။ လီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီတွင်တစ်ပတ်လုပ်ခပေါင်၇၄၀၀၀၀ရရှိနေတာဖြစ်ပါတယ်။တကယ်လို့များမက်ဆီကိုသာလက်လွှတ်လိုက်ပါကပီအက်စ်ဂျီအနေဖြင့်လုပ်ခအသုံးစရိတ်များစွာလျှော့ချလာနိုင်ပါမယ်။ ပီအက်စ်ဂျီဟာယခုရာသီအကုန်တွင်မက်ဆီကဲ့သို့ပင်စာချုပ်သက်တမ်းကုန်ဆုံးလာမဲ့အသက်၃၇နှစ်ရှိဆာဂျီယိုရာမို့စ်ကိုလည်းလက်လွှတ်သွားပါမယ်။ မက်ဆီဟာပီအက်စ်ဂျီသို့ရောက်လာပြီးနောက်ချန်ပီယံလိဂ်တွင်အောင်မြင်အောင်လုပ်ပေးနိုင်ခြင်းမရှိမှု၊ပီအက်စ်ဂျီပရိသတ်များနှင့်ကောင်းမွန်တဲ့ဆက်ဆံရေးမရှိမှုတို့ကြောင့်ဝေဖန်မှုများနှင့်ကြုံနေရသူလည်းဖြစ်ပါတယ်။ တကယ်လို့များမက်ဆီသာပီအက်စ်ဂျီမှထွက်ခွာလာမည်ဆိုပါကသူ့ကိုဆော်ဒီကလပ်များ၊အသင်းဟောင်းဘာစီလိုနာနှင့်အမေရိကန်မေဂျာလိဂ်ကလပ်များကခေါ်ယူရန်ကြိုးပမ်းရန်အသင့်ရှိနေပါတယ်။

လာမယ့်ဘောလုံးရာသီတွင်ဝတ်ဆင်ကစားလာမဲ့တတိယဝတ်စုံပေါက်ကြားလာပြီးနောက်စိတ်ပျက်ဒေါသထွက်နေတဲ့အာဆင်နယ်ပရိသတ်များ

March 31, 2023 thansoe 0

အာဆင်နယ်ပရိသတ်များဟာလာမယ့်ဘောလုံးရာသီတွင်ဝတ်ဆင်ကစားလာမဲ့တတိယဝတ်စုံပေါက်ကြားလာပြီးနောက်စိတ်ပျက်ဒေါသထွက်လျက်ရှိကြပါတယ်။ Arseblog က၂၀၂၃-၂၄ဘောလုံးရာသီတွင်အာဆင်နယ်အသင်းဝတ်ဆင်ကစားလာမဲ့တတိယဝတ်စုံကိုဖော်ပြလာခဲ့ပါတယ်။ယင်းအာဆင်နယ်ရဲ့တတိယဝတ်စုံက၁၉၈၂-၈၃ရာသီတုန်းကဝတ်ဆင်ခဲ့တဲ့အစိမ်းရောင်နှင့်အပြာရောင်ဒီဇိုင်းကိုအခြေခံဖန်တီးထားတာဖြစ်ပါတယ်။ ယင်းဝတ်စုံမှာ၁၉၈၂-၈၃ရာသီဝတ်စုံကဲ့သို့ပင်အစိမ်းရောင်ကိုယ်ထည်၊Navyရောင်လက်မောင်းနှင့် ပုခုံးတွင်အဖြူရောင်အစင်းလိုင်းပါဝင်ပါတယ်။ အာဆင်နယ်ပရိသတ်များဟာအသင်းရဲ့တတိယဝတ်စုံနှင့်ပတ်သက်ပြီးအကြီးအကျယ်စိတ်ပျက်နေကြပါတယ်။ အာဆင်နယ်ပရိသတ်တစ်ဦးက “ဒါကငါတို့အတွက်မဟုတ်ဘူး”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “အသင်းကောင်းတွေအတွက်ဆိုးရွားတဲ့အင်္ကျီပဲရတယ်။တစ်ခုခုတော့ပေးဆပ်ရတာပေါ့”လို့ဟာသနှောပြောဆိုသွားပါတယ်။ အခြားတစ်ဦးကလည်း “ကြည့်ရတာမျက်လုံးတောင်နာကျင်ရတယ်”လို့ပြောကြားသွားပါတယ်။

နိုင်ပွဲပြန်ရှာမယ့်ဖရန့်ဖတ်

March 30, 2023 thansoe 0

သောကြာည ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်-၂၆ ပွဲကြိုသုံးသပ်ချက် ဖရန့်ဖတ် နှင့် ဘိုချမ်(ည ၁း၀၀)(အိုဇုန်း) တောက်လျှောက်နိုင်ပွဲပျောက်ခဲ့လို့ ဖရန့်ဖတ်ဟာဥရောပ၀င်ခွင့်တစ်နေရာအတွက်ထပ်မှားလို့ မရတော့ပါဘူး။ဘိုချမ်ကတန်းမဆင်းရရေးအစွမ်းကုန်ရုန်းနေပေမယ့်ဒီရာသီမှာအဝေးကွင်းအညံ့ဆုံးအသင်းဖြစ်ကာနောက်ဆုံးဘွန်ဒက်စ်လီဂါအဝေးကွင်း ၅ ပွဲမှာ ၄ ပွဲရှုံးထားတာပါ။ ဖရန့်ဖတ်ကတော့ဘိုချမ်နဲ့အိမ်ကွင်းတွေ့ဆုံမှုနောက်ဆုံး ၁၀ ပွဲမှာ ၈ ပွဲနိုင်ခဲ့တဲ့အစဉ်အလာအားသာချက်ရှိထားတယ်။နိုင်ပွဲပြန်ရှာမယ့်ဖရန့်ဖတ်ဂိုးပြတ်၊ မ ပြတ်သာ ကြည့်ရမယ်။ zawgyi အိမ်ကွင်းငယ်နိုင်ဘိုချမ်နဲ့အတွေ့မှာ နိုင်ပွဲပြန်ရှာမယ့် […]