
ဂိုးသွင်းပွဲတော်ကြီးကျင်းပနေတယ်
တနင်္လာည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၉ ပွဲကြိုသုံးသပ်ချက် ဘရန့်ဖို့ဒ် နှင့် လီဗာပူး(ည ၁၂း၀၀)(စိုင်းကို တောင်ကြီး) ပျားတွေကဒီရာသီ အသင်းကြီးတွေနဲ့တွေ့ဆုံမှုတွေမှာထိပ်ဆုံးကအာဆင်နယ်တစ်သင်းကိုပဲဒူးထောက်ခဲ့ရတာပါ။ပြီးခဲ့တဲ့စနေမတိုင်ခင်နောက်ဆုံး၂ ပွဲမှာဆို မန်စီးတီးကိုအနိုင်၊ စပါးကို သရေကျခဲ့ပြီး အဲဒီ ၂ ပွဲမှာတိုနေးတို့တိုက်စစ်ကလည်း ၂ ဂိုးစီသွင်းနိုင်ခဲ့ပါတယ်။ ကြိုးကြာနီတို့ကလည်းဒါ၀င်နူနက်ဇ်ဖြုန်းနေတာတောင်နောက်ပိုင်းပရီးမီးယားလိဂ်ပွဲတွေမှာဂိုးမြူးခဲ့တာပါ။ဒါပေမဲ့ဗန်ဒစ်ဂ်ျတို့ ခံစစ်ကနောက်ဆုံးလိဂ် ၅ ပွဲစလုံးမှာဂိုးပေးခဲ့ရလို့ ဘရန့်ဖို့ဒ်ကိုပေးဂိုးမရှိကန်နိုင်ဖို့ လွယ်မယ်မထင်ဘူး။အနောက်လန်ဒန်မှာဂိုးသွင်းပွဲတော်ကြီးကျင်းပနေတယ်။ […]