လွတ်ခ်မန်းတို့ရဲ့သွင်းဂိုးတွေကို ရေတွက်ရမယ်

January 27, 2023 thansoe 0

စနေည အီတလီစီးရီးအေပွဲစဉ်-၂၀ ပွဲကြိုသုံးသပ်ချက် အတ္တလန္တာ နှင့် ဆမ်ဒိုးရီးယား(ည ၂း၁၅)(ရွှေဘိုသား) ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိနေတဲ့အတ္တလန္တာဟာနောက်ပိုင်းပွဲတွေမှာဂိုးမြူးနေကာအရင်ခြေစွမ်းပြန်ရလာပါတယ်။တန်းဆင်းဇုန်ထဲကဆမ်ဒိုးရီးယားကတော့နောက်ဆုံးစီးရီးအေ ၈ ပွဲမှာ ၇ ပွဲရှုံးခဲ့သလိုရှုံးခဲ့တဲ့ပွဲတွေမှာဂိုးလည်း မသွင်းနိုင်ခဲ့ပါဘူး။ အနိမ့်ဆုံး ၂ ဂိုးနှုန်းရနေတဲ့အတ္တလန္တာဟာဆမ်ဒိုးရီးယားနဲ့နောက်ဆုံးတွေ့ဆုံမှု ၄ ကြိမ်စလုံးမှာလည်းအနိုင်ရထားတာပါ။လွတ်ခ်မန်းတို့ရဲ့သွင်းဂိုးတွေကို ရေတွက်ရမယ်။ zawgyi ဆမ်ဒိုးကို အပျင်းပြေဂိုးသွင်းလေ့ကျင့်မယ့် အတ္တလန္တာ စနေည အီတလီစီးရီးအေပွဲစဉ်-၂၀ […]

အိုးလ်ထရက်ဖို့ဒ်မှာရက်ရ်ှဖို့ဒ်တို့ဂိုးမိုးရွာဦးမယ်

January 27, 2023 thansoe 0

စနေည အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲကြိုသုံးသပ်ချက် မန်ယူ နှင့် ရီးဒင်း(ည ၂း၃၀)(မော်ကွန်း) ကာရာဘောင်းမှာဗိုလ်လုပွဲရောက်မန်ယူဟာအခုချိန်မှာယုံကြည်မှုအမြင့်ဆုံးရရှိနေတာပါ။တန်ဟက်ရဲ့အသင်းဟာအိုးလ်ထရက်ဖို့ဒ်ကပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၁၀ ပွဲစလုံးကိုနိုင်ထားပါတယ်။ ရီးဒင်းကတော့ဒီရာသီချန်ပီယံရှစ်မှာသာမန်ထက်မပိုသလိုနောက်ဆုံးအဝေးကွင်း ၄ ပွဲမှာလည်း ၃ ပွဲရှုံးထားတာပါ။အိုးလ်ထရက်ဖို့ဒ်မှာရက်ရ်ှဖို့ဒ်တို့ဂိုးမိုး ရွာဦးမယ်ဆိုအံ့သြစရာမရှိပါဘူး။ zawgyi သရဲနီတို့ ဂိုးမိုးရွာဦးမယ့် အိုးလ်ထရက်ဖို့ဒ်ည စနေည အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲကြိုသုံးသပ်ချက် […]

တီမိုဝါနာတို့ရဲ့သွင်းဂိုးတွေကိုရေ တွက်ရဦးမှာ

January 26, 2023 thansoe 0

သောကြာည ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်-၁၈ ပွဲကြိုသုံးသပ်ချက် လစ်ပ်ဇစ် နှင့် စတုဂတ်(ည ၂း၀၀)(မော်ကွန်း) ချန်ပီယံမျှော်လင့်ချက်ရှိလာတဲ့လစ်ပ်ဇစ်ဟာရာသီပြန်စပြီးကတည်းကပုံစံကောင်းရနေပြီးထိပ်ဆုံးကဘိုင်ယန်ကို သရေကန်နိုင်ခဲ့သလိုအောက်ဆုံးက ရှော်ကေးကိုလည်းဂိုးဒါဇင်၀က်သွင်းနိုင်ခဲ့ပါတယ်။ တန်းဆင်းဇုန်ကပ်လျက်ကစတုဂတ်ကတော့အဝေးကွင်းနိုင်ပွဲမရသေးသလိုနောက်ဆုံးဘွန်ဒက်စ်လီဂါအဝေးကွင်း ၅ ပွဲမှာလည်း ၄ ပွဲရှုံးထားတာပါ။အိမ်ကွင်းပွဲတိုင်းနီးပါးနိုင်ထားတဲ့လစ်ပ်ဇစ်ဟာစတုဂတ်နဲ့အိမ်ကွင်းတွေ့ဆုံမှု ၄ ပွဲစလုံးကိုလည်းနိုင်ထားပါတယ်။တီမိုဝါနာတို့ရဲ့သွင်းဂိုးတွေကိုရေ တွက်ရဦးမှာပါ။ zawgyi ကြေးအောင်ဖို့ မပူရတဲ့ အိမ်ကွင်းဆရာကြီးလစ်ပ်ဇစ် သောကြာည ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်-၁၈ ပွဲကြိုသုံးသပ်ချက် […]

ဂန်းနားတို့ကိုရပ်တန့်စေမယ့်မိုးပြာရောင်တပ်ဖွဲ့

January 26, 2023 thansoe 0

သောကြာည အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲကြိုသုံးသပ်ချက် မန်စီးတီး နှင့် အာဆင်နယ်(ည ၂း၃၀)(မော်ကွန်း) ဒီရာသီချန်ပီယံဆုအတွက်အဓိကပြိုင်ဆိုင်ရမယ့်ပရီးမီးယားလိဂ်ထိပ်ဆုံးနှစ်သင်းဟာအက်ဖ်အေဖလားမှာတော့အစောပိုင်းအဆင့်မှာတင်ထိပ်တိုက်တွေ့နေကြပါတယ်။သူတို့နှစ်သင်းကြားကဒီရာသီပထမဆုံးအကြိမ်တွေ့ဆုံမှုလည်းဖြစ်နေတာပါ။စီးတီးဟာရာသီပြန်စကတည်းက ကစားရတဲ့အိမ်ကွင်း ၅ ပွဲမှာ ၄ ပွဲနိုင်ထားပြီးဂန်းနားတို့ကလည်းပြိုင်ပွဲအရပ်ရပ်နောက်ဆုံးအဝေးကွင်း ၅ ပွဲစလုံးကိုနိုင်ထားပါတယ်။ ဒါပေမဲ့ဂွါဒီယိုလာရဲ့အသင်းဟာအာဆင်နယ်နဲ့နောက်ဆုံး ၁၃ ပွဲမှာ ၁၂ ပွဲနိုင်ခဲ့လို့ အာတီတာရဲ့အသင်းကိုငယ်နိုင်လိုဖြစ်ခဲ့တာပါ။ဂန်းနားတို့ကိုရပ်တန့်စေမှာကဟာလန်းတို့မိုးပြာရောင်တပ်ဖွဲ့ဖြစ်ပါတယ်။ zawgyi ဂန်းနားတို့ကို ရပ်တန့်စေမယ့် […]

အမှားမခံကစားကြမယ့်ဖလားပွဲဆိုတော့ဒီတစ်ကြိမ်မှာလည်းဂိုးများဖို့မရှိ

January 25, 2023 thansoe 0

ကြာသပတေးည စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက် ဗလင်စီယာ နှင့် ဘီလ်ဘာအို(ည ၁း၃၀)(မော်ကွန်း) ရာသီအစလာလီဂါတွေ့ဆုံမှုတုန်းကတော့ဘီလ်ဘာအိုကအိမ်ကွင်းမှာဗလင်စီယာကို ၁-၀ နဲ့နိုင်ထားတာပါ။လက်ရှိမှာဗလင်စီယာကရလဒ်နဲ့ခြေစွမ်းပိုင်းမတည်ငြိမ်သလိုဘီလ်ဘာအိုကလည်းအဝေးကွင်းဆိုခြေမမှန်ပါဘူး။ သူတို့နှစ်သင်းကြားကနောက်ဆုံးတွေ့ဆုံမှု၆ကြိမ်စလုံးမှာတော့ဂိုးနည်းထားပါတယ်။အမှားမခံကစားကြမယ့်ဖလားပွဲဆိုတော့ဒီတစ်ကြိမ်မှာလည်းဂိုးများဖို့မရှိပါဘူး။ zawgyi ဒီတစ်ကြိမ်မှာလည်း ဂိုးများဖို့ မရှိ ကြာသပတေးည စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက် ဗလင်စီယာ နှင့် ဘီလ်ဘာအို(ည ၁း၃၀)(မော်ကွန်း) ရာသီအစ […]

အိမ်ရှင်အရိပ်အောက်သာခိုလှုံရမယ့်မက်ဒရစ်ဒါဘီ

January 25, 2023 thansoe 0

ကြာသပတေးည စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက် ရီးရဲလ် နှင့် အက်သလက်တီကို(ည ၂း၃၀)(မော်ကွန်း) ပြီးခဲ့တဲ့စက်တင်ဘာလာလီဂါတွေ့ဆုံမှုတုန်းကရီးရဲလ်ဟာတီကိုကိုအဝေးကွင်းမှာတောင် ၂-၁ နဲ့နိုင်ခဲ့ပါတယ်။ဒီရာသီပြိုင်ပွဲအရပ်ရပ်အိမ်ကွင်းမှာလည်း ရီးရဲလ်မနိုင်တဲ့ပွဲဆိုတာကလက်ချိုးရေလို့ရတာပါ။ အက်သလက်ကနိုင်ပွဲပြန်ဆက်လာပေမယ့်အဝေးကွင်းမှာအမြဲဂိုးပေးနေရပြီးရီးရဲလ်အိမ်ကွင်းသွားကစားတဲ့နောက်ဆုံး ၃ ကြိမ်စလုံးကိုလည်းရှုံးထားပါတယ်။အိမ်ရှင်အရိပ်အောက်သာခိုလှုံရမယ့်မက်ဒရစ်ဒါဘီပါ။ zawgyi ရီးရဲလ်သာ ဆီမီးတက်မယ့် မက်ဒရစ်ဒါဘီ ကြာသပတေးည စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက် ရီးရဲလ် နှင့် […]

အိမ်ရှင်အရိပ်အောက်ခိုလှုံမယ်

January 24, 2023 thansoe 0

ဗုဒ္ဓဟူးည စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက် ဘာစီလိုနာ နှင့် ဆိုစီဒက်(ည ၂း၃၀)(ဆရာစော) ရာသီအစောပိုင်း လာလီဂါတွေ့ဆုံမှုတုန်းကတော့ဘာစီလိုနာဟာဆိုစီဒက်ကွင်းမှာတာင်ဂိုးပြတ်ကြိတ်နိုင်ခဲ့ပါတယ်။ဆိုစီဒက်ဟာရာသီပြန်စကတည်းကပွဲတိုင်းအနိုင်ရနေပေမယ့်အစဉ်အလာအရတော့ဘာစီလိုနာရဲ့ငယ်နိုင်ဖြစ်ခဲ့တာပါ။ ဇာဗီရဲ့အသင်းဟာဒီရာသီအိမ်ကွင်းပွဲစဉ်အများစုကိုလည်းအနိုင်ရထားပါတယ်။တွေ့ဆုံမှုအစဉ်အလာဖျက်မှာမဟုတ်တဲ့အိမ်ရှင်အရိပ်အောက်ခိုလှုံမယ်။ zawgyi ဆိုစီဒက်နဲ့အတွေ့မှာ ငယ်နိုင်အစဉ်အလာကို ဖျက်မှာ မဟုတ်တဲ့ ဘာကာ ဗုဒ္ဓဟူးည စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက် ဘာစီလိုနာ နှင့် ဆိုစီဒက်(ည ၂း၃၀)(ဆရာစော) […]

ဆီမီးအဆင့်လိုဖလားပွဲမျိုးမှာဂိုးမမျှော်တာကောင်းပါတယ်

January 24, 2023 thansoe 0

ဗုဒ္ဓဟူးည ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်(ပ-ကျော့) ပွဲကြိုသုံးသပ်ချက် နော်တင်ဟမ် နှင့် မန်ယူ(ည ၂း၃၀)(မော်ကွန်း) ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ကပရီးမီးယားလိဂ်တွေ့ဆုံမှုတုန်းကတော့မန်ယူဟာအိုးလ်ထရက်ဖို့ဒ်မှာနော်တင်ဟမ်ကို ၃ ဂိုးပြတ်ခဲ့တာပါ။နော်တင်ဟမ်ဟာမန်ယူကိုရှုံးခဲ့ပြီးနောက်ပိုင်းပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာရှုံးတော့လို့ သူတို့ရဲ့လက်ရှိခြေစွမ်းကမဆိုးလှပါဘူး။အသင်းကြီးတွေနဲ့နောက်ပိုင်းအိမ်ကွင်းတွေ့ဆုံမှုတွေမှာလည်းနော်တင်ဟမ်ဟာလီဗာပူးနဲ့စပါးကို ၁-၀၊ ၂-၀ နဲ့အနိုင်ချဲလ်ဆီးကို ၁-၁ ကန်ထားပါတယ်။ သရဲနီတို့ကလည်းဒီရာသီမှာအဝေးကွင်းဆိုဂိုးသွားလှတဲ့အသင်းမဟုတ်ပါဘူး။ပထမအကျော့အိမ်ကွင်းမှာအရှုံးခံမှာမဟုတ်တဲ့နော်တင်ဟမ်ဟာခံစစ်အ သားပေးနဲ့ ရင်ဆိုင်လာမှာပါ။ဆီမီးအဆင့်လိုဖလားပွဲမျိုးမှာဂိုးမမျှော်တာကောင်းပါတယ်။ zawgyi […]

ရောမမှာအကျိုးများစေမှာကဂိုးအများ

January 23, 2023 thansoe 0

အင်္ဂါည အီတလီစီးရီးအေပွဲစဉ်-၁၉ ပွဲကြိုသုံးသပ်ချက် လာဇီယို နှင့် အေစီမီလန်(ည ၂း၁၅)(ရွှေဘိုသား) လာဇီယိုကပြီးခဲ့တဲ့အပတ်ကမှစီးရီးအေမှာ ၃ ပွဲဆက်နိုင်ပွဲပျောက်ကိုအဆုံးသတ်နိုင်ခဲ့လို့ ချန်ပီယံလိဂ်၀င်ခွင့်မျှော်လင့်ချက်ပြန်ရှိလာတာပါ။အေစီက တော့ရိုးမား၊ လက်ချီတို့နဲ့ နောက်ဆုံး ၂ ပွဲစလုံးကို ၂-၂ သရေတွေချည်းကျခဲ့လို့ ထိပ်ဆုံးက နာပိုလီနဲ့ ၁၂ မှတ်တောင်ကွာသွားတယ်။ ရာသီပြန်စကတည်းကအေစီဟာဂိုးမပေးရတဲ့ပွဲမရှိသေးပါဘူး။သူတို့နှစ်သင်းကြားကနောက်ဆုံးတွေ့ဆုံမှု၇ပွဲမှာလည်း၆ပွဲဂိုးများထားပါတယ်။ ဒါကြောင့် ရောမမှာအကျိုးများစေမှာကဂိုးများပါ။ […]

အမှားမခံကစားကြမယ့်ပွဲမှာဂိုးဆိုတာရွေထက်ရှားမယ်

January 23, 2023 thansoe 0

အင်္ဂါည ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်(ပ-ကျော့) ပွဲကြိုသုံးသပ်ချက် ဆောက်သမ်တန် နှင့် နယူးကာဆယ်(ည ၂း၃၀)(မော်ကွန်း) ပြီးခဲ့တဲ့နို၀င်ဘာပရီးမီးယားလိဂ်တွေ့ဆုံမှုတုန်းကတော့နယူးကာဆယ်ဟာဆောက်သမ်တန်ကွင်းမှာ ၄-၁ နဲ့တောင်ကြိတ်ထားပါတယ်။ဒါပေမဲ့စိန့်တွေက ပြီးခဲ့တဲ့အဆင့်ကသူတို့အိမ်ကွင်းမှာစီးတီးကိုတောင်နောက်ကောက်ချခဲ့တာဆိုတော့လျှော့တွက်မရပါဘူး။ ငှက်ကျားတွေကလည်းအခုနောက်ပိုင်းမှာဂိုးသွင်းအားကျသွားလို့ တစ်ဂိုးရဖို့တောင်အနိုင်နိုင်ပါ။ဖလားပွဲဖြစ်နေတဲ့အတွက်ကြောင့်အမှားမခံကစားကြမယ့်အခြေအနေလည်းရှိပါတယ်။စိန့်မေရီကပထမအကျော့မှာဂိုးဆိုတာရွှေထက်ရှားမှာပါ။ zawgyi စိန့်မေရီမှာ ဂိုးဆိုတာ ရွှေထက်ရှားမယ် အင်္ဂါည ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်(ပ-ကျော့) ပွဲကြိုသုံးသပ်ချက် ဆောက်သမ်တန် နှင့် နယူးကာဆယ်(ည […]