
ဟာလန်းတို့ပြုသမျှ နုကြရမှာ
စနေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၈ ပွဲကြိုသုံးသပ်ချက် မန်စီးတီး နှင့် အဲဗာတန်(ည ၉း၃၀)(စိုင်းကိုတောင်ကြီး) စီးတီးဟာဦးဆောင်သူအာဆင်နယ်နဲ့ ၅ မှတ်ဟွာဟနေကာလက်ရှိကွာဟမှုကိုလျှော့ချဖို့ဆိုထပ်အမှားခံလို့ မရတော့ဘူး။သိပ်မကြာခင်မှာပွဲကျပ်ကာလတစ်ခုကိုဖြတ်သန်းရမှာဆိုတော့ဟာလန်းတို့ဟာအခုလိုအချိန်မှာနိုင်ပွဲအရှိန်ကိုထပ်မြှင့်မှာပါ။ဘောက်ဆင်ဒေးမှာနောက်ဆုံးမိနစ်ဂိုးနဲ့ ဝုဗ်ကိုဒူးထောက်ခဲ့ရလို့ တော်ဖီတွေအသည်းကွဲသွားခဲ့ရတယ်။ လမ်းပတ်ရဲ့အသင်းဟာနောက်ဆုံး ၃ ပွဲဆက်ရှုံးထားသလိုတိုက်စစ်ပြသနာနဲ့လည်းကြုံနေရတာပါ။ပိုဆိုးတာကအဲဗာတန်ဟာစီးတီးနဲ့တွေ့တိုင်းအမြဲလိုရှုံးနေခဲ့တာဖြစ်ပြီး နောက်ဆုံးတွေ့ဆုံမှု ၁၀ ကြိမ်စလုံးမှာ သူတို့တစ်မှတ်မှ မယူနိုင်ခဲ့ပါဘူး။တော်ဖီတွေဟာ ဟာလန်းတို့ပြုသမျှ နုကြရမှာပါ။ zawgyi တော်ဖီတွေဟာ […]