အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးသံညံမှာ မဟုတ်

ကြာသပတေးည ပရီးမီးယားလိဂ်(ပွဲကျန်) ပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် ချဲလ်ဆီး(ည ၁း၃၀)(စိုင်းကိုတောင်ကြီး)

သရဲနီတို့ဟာ ချန်ပီယံလိဂ်၀င်ခွင့်သေချာဖို့ဆို လက်ကျန် ၂ ပွဲမှာ ၁ မှတ်ရရုံနဲ့ လုံလောက်ပါပြီ။တန်ဟက်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်က အိမ်ကွင်းမှာလည်း နောက်ဆုံး ၄ ပွဲဆက်နိုင်ထားသလို အဲဒီပွဲတွေမှာ တစ်ဂိုးမှလည်း မပေးခဲ့ရပါဘူး။တကယ်ဆို မန်ယူဟာ နောက်ဆုံးပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၁၀ ပွဲကို ဂိုးအောက်ကန်ခဲ့တာပါ။

ပြီးခဲ့တဲ့တနင်္ဂနွေက မန်စီးတီးကွင်းမှာ တစ်လုံးတည်းသောဂိုးနဲ့သာ ကပ်ရှုံးခဲ့တဲ့ ချဲလ်ဆီးရဲ့လက်ရှိခြေစွမ်းကတော့ မှန်းရခက်ပါတယ်။မန်ယူနဲ့ချဲလ်ဆီးတို့ကြားက နောက်ဆုံး ၅ ပွဲစလုံးကလည်း သရေနဲ့အဆုံးသတ်ထားလို့ ဂိုးအောက်သာ ပိုကောင်းမယ့်ပုံပါ။အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးသံညံမှာ မဟုတ်ပါဘူး။

zawgyi

ဂိုးသံမညံနိုင်တဲ့ အိုးလ်ထရက်ဖို့ဒ်ည



