အင်စတာဂရမ်တွင် ကိုယ်လုံးတီးပုံတင်လာတဲ့ဘာစီလိုနာစတားဟောင်းရဲ့ချစ်သူ

ဘာစီလိုနာစတားဟောင်းမာ့ခ်ဘာတရာရဲ့ချစ်သူ ဂျက်စီကာဂိုင်ကိုချီယာဟာ အင်တာစတာဂရမ်ရဲ့ အဘန်းခံလာဖို့ ရှိနေပါတယ်။

အသက် ၂၆ နှစ်ရှိ မော်ဒယ်ဟာ ရေကူးဝတ်စုံသစ်ကို ပရိုမိုးရှင်းလုပ်တဲ့အနေဖြင့် အင်စတာဂရမ်တွင် ကိုယ်လုံးတီးပုံတင်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဂျက်စီကာဟာ အဝတ်ဗလာဖြင့် တံခါးတစ်ခုရဲ့နောက်မှ ရပ်နေပြီး ရင်သားခေါင်းကို တိတ်ဖြင့် ကာထားတာ တွေ့ရပါတယ်။

သူမဟာ မော်ဒိုက်စ်ရှိ Ayada resort သို့ သွားရောက် အပန်းဖြေစဉ် ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

သူမဟာ ဓာတ်ပုံထဲတွင် ပျော်ရွှင်နေတာ တွေ့ရပြီး GOI ရဲ့ ရေကူးဝတ်စုံသစ်ကို ဝတ်ဆင်ရတော့မှာ ဖြစ်လို့ ပျော်ရွှင်နေကြောင်း ဆိုထားပါတယ်။

သူမဟာ အင်စတာဂရမ်တွင် Follower ၁.၈ သန်းအထိ ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

စပိန်မော်ဒယ်ဟာ မကြာခဏဆိုသလို ညှို့အားပြင်း ဓာတ်ပုံများကို တင်ကာ ပရိသတ်များကို ပါးစပ်အဟောင်းသားဖြစ်အောင် လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှအပကြောင့် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအဖြစ်တောင် ချီးကျူးခြင်းခံနေရပါတယ်။

သူမရဲ့ချစ်သူဘာထရာကတော့ ပြီးခဲ့တဲ့နှစ်ကတည်းက တူရကီကလပ် ထရာဇွန်စပေါ်မှာ ကစားနေပါတယ်။ အသက် ၃၂ နှစ်ရှိ ဘာထရာဟာ နူးကမ့်မှ ထွက်ခွာပြီးနောက် ဒေါ့မွန်၊ ဘက်တစ်တို့မှာ ကစားခဲ့ပါသေးတယ်။