လိုင်ယွန်နည်းပြဖြစ်လာတဲ့အီတလိီနောက်ခံလူ

လိုင်ယွန်ဟာ အီတလီနောက်ခံလူဟောင်းဖေဘီယိုဂရော့ဆိုအား နည်းပြသစ်အဖြစ် ခန့်အပ်လာပါတယ်။

အသက် ၄၅ နှစ်ရှိ ဂရော့ဆိုဟာ တနင်္လာနေ့တုန်းက လီဂူး ၁ အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်နေမှုကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ လောရင့်ဘလင့်နေရာမှာ အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဂရော့ဆိုဟာ ယနေ့ညတွင် လီဟာဗရီကို အိမ်ကွင်းတွင် ဧည့်ခံကစားရမဲ့ ပွဲစဉ်အား ပထမဆုံး လိုင်ယွန်ပွဲအဖြစ် ကြီးကြပ်သွားပါမယ်။

လိုင်ယွန်ဟာ ဂရော့ဆိုကို ၂၀၂၄ ခုနှစ် နွေရာသီအထိ စာချုပ်ဖြင့် ခန့်အပ်လာတာ ဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။

ဂရော့ဆိုဟာ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ လိုင်ယွန်တွင် ကစားခဲ့ဖူးသူဖြစ်ပြီး အီတလီကလပ်များဖြစ်ကြတဲ့ ဘာရီ၊ ဗီရိုနာ၊ ဘရက်စီယာနှင့် ဆွစ်ဇာလန်ကလပ် စီယွန်တို့ကို ကိုင်တွယ်ခဲ့ဖူးပါတယ်။

သူဟာ ၂၀၂၁ ခုနှစ်၊ မေလတွင် မွေးရပ်မြေကလပ် ဖရိုဆီနုန်းအား ကိုင်တွယ်ပြီးနောက် ပြီးခဲ့တဲ့ ရာသီတုန်းက စီးရီးဘီသို့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ စာချုပ်သက်တမ်းတိုးခြင်းမခံရဘဲ ထွက်ခွာခဲ့ရပါတယ်။