လိုက်ဇစ်မှ အလယ်တန်းကစားသမားကွန်ရက်လိုင်မာခေါ်ယူလိုက်တဲ့ဘိုင်ယန်

ဘိုင်ယန်မြူးနစ်ဟာ လိုက်ဇစ်မှ အလယ်တန်းကစားသမားကွန်ရက်လိုင်မာကို ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူအားဖြည့်လိုက်ပါတယ်။

လိုင်မာဟာ ဇွန်လအစောပိုင်းတုန်းက လိုက်ဇစ်နှင့်အတူ ဂျာမန်ပိုကယ်ဖလားဆွတ်ခူးပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးမဲ့ ယခုနွေရာသီတွင် အသင်းမှ ထွက်ခွာမယ်လို့ လူသိရှင်ကြား ကြေညာခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိ လိုင်မာဟာ ၂၀၁၇ ခုနှစ်တွင် ရက်ဘူးလ်ဆဲလ်ဘတ်မှ ပြောင်းရွှေ့လာပြီးနောက် လိုက်ဇစ်အတွက် ပွဲ ၁၉၀ ကစားပေးခဲ့သူ ဖြစ်ပါတယ်။

လိုင်မာက “ကျွန်တော့်ရဲ့အိပ်မက် တကယ်ဖြစ်လာပါပြီ။ ဘိုင်ယန်မြူးနစ်မှာ ကစားဖို့က ကျွန်တော့်ရဲ့အမြင့်မားဆုံးအိပ်မက်ဖြစ်ပါတယ်။ အခု ကျွန်တော့်အတွက် အသ့င်တော်ဆုံးနေရာသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်”လို့ ပြောကြားသွားပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့လတုန်းက ရာသီသိမ်းပွဲတွင် ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးခဲ့တာဖြစ်ပြီး တတိယနေရာမှ လိုက်ဇစ်ကို ၅ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။