
သာမန်ပွဲချိန်အတွင်း ဗီရိုနာ နိုင်၊မနိုင်သာကြည့်ရမယ့် စီးရီးအေတန်းဆင်း play-off
တနင်္ဂနွေည အီတလီစီးရီးအေတန်းဆင်း play-off ပွဲကြိုသုံးသပ်ချက်
စပီဇီယာ နှင့် ဗီရိုနာ(ည ၁း၁၅)(ရွှေဘိုသား)
ချန်ပီယံဆုနဲ့တန်းဆင်းတို့အတွက် အမှတ်တူရင် play-off ကန်ရမယ်လို့ ဒီရာသီစီးရီးအေမှာပဲ ပြောင်းလဲလိုက်တဲ့စည်းမျဉ်းအသစ်ကြောင့် အဆင့် ၁၇ က စပီဇီယာနဲ့ အဆင့် ၁၈ က ဗီရိုနာတို့ဟာ အခုလို အဆုံးအဖြတ်အပိုတစ်ပွဲကန်ရတာပါ။ဒီပွဲကို ကြားကွင်းဖြစ်တဲ့ ဆက်ဆူအိုလိုအိမ်ကွင်းမှာ ကစားစေမှာ ဖြစ်ပါတယ်။
ဒီရာသီစီးရီးအေတွေ့ဆုံမှုနှစ်ကျော့စလုံးမှာတော့ စပီဇီယာဟာ မရှုံးခဲ့ဘဲ ဗီရိုနာကွင်းမှာ နိုင်ထားတာပါ။ဒါပေမဲ့ စပီဇီယာဟာ နောက်ဆုံးတွေ့ဆုံမှု ၇ ကြိမ်မှာ ဗီရိုနာကို အဲဒီတစ်ကြိမ်ပဲ နိုင်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိခြေစွမ်းအရလည်း ဗီရိုနာနဲ့ =၁၅ ရင်းကြည့်မယ်။
zawgyi