
အိုလီဂန်းနားဆိုးလ်ရှားဟာ နည်းပြလက်မဲ့ ဖြစ်နေတဲ့ လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် ဆက်သွယ်ခြင်းခံလာရပါတယ်။
ဆိုးလ်ရှားဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတုန်းက ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်တွင် မော်ရင်ဟို ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် ယာယီနည်းပြဖြစ်လာခဲ့ကာ ရလဒ်ကောင်းများ ရယူနိုင်မှုကြောင့် အမြဲတမ်းနည်းပြဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ၂၀၂၁ ခုနှစ်မှာတော့ ရလဒ်ဆိုးရွားမှုနှင့်အတူ ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယနေ့ ထွက်ပေါ်လာတဲ့ သတင်းအရ အသက် ၅၀ နှစ်ရှိ နည်းပြဟာ နော်ဝေအမျိုးသမီး လက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် နော်ဝေဘောလုံးအဖွဲ့ချုပ်ရဲ့ ဆွေးနွေးခြင်းခံလာရကြောင်း သိရပါတယ်။
ဒါ့အပြင် မီဒီယာအချို့တို့ကလည်း ဆိုးလ်ရှားဟာ နော်ဝေဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားကြောင်းလည်း ဖော်ပြနေကြပါတယ်။