ရာသီသိမ်းပွဲမတိုင်မီ ပီအက်စ်ဗွီနည်းပြရာထူးမှ ထွက်ခွာသွားတဲ့နစ္စတယ်ရွိုင်း

ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ ကလပ်ထံမှ ထောက်ပံ့အားပေးမှုနည်းပါးမှုကြောင့် ရာသီသိမ်းပွဲမတိုင်မီ ပီအက်စ်ဗွီနည်းပြရာထူးမှ ထွက်ခွာသွားခဲ့ပါတယ်။

နစ္စတယ်ရွိုင်းဟာ ၂၀၂၂ ခုနှစ်၊ မေလတွင် ပီအက်စ်ဗွီကို ကိုင်တွယ်ပြီးနောက် ဒတ်ချ်ရှုံးထွက်ဖလားနှင့် ဒတ်ချ်စူပါဖလားတို့ ဆွတ်ခူးပေးခဲ့ပါတယ်။

ပီအက်စ်ဗွီဟာ တနင်္ဂနွေနေ့တုန်းက အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပေမဲ့လည်း အသက် ၄၆ နှစ်ရှိ ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးက ရာထူးမှ နုတ်ထွက်သွားခဲ့ပါတယ်။

ပီအက်စ်ဗွီဟာ ဒတ်ချ်အဆင့်မြင့်တန်းအမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပြီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် အခြေအနေကောင်းနေပါတယ်။ ပီအက်စ်ဗွီဟာ တတိယနေရာမှ အေဂျက်စ်ကို ၃ မှတ်ဖြတ်ထားနိုင်ပြီး ရာသီသိမ်းပွဲဖြစ်တဲ့ အယ်ခ်မာနှင့်ပွဲတွင် သရေကျရုံဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါမယ်။

ပီအက်စ်ဂျီရဲ့ ရာသီသိမ်းပွဲကို နစ္စတယ်ရွိုင်းရဲ့ လက်ထောက်နည်းပြဖရက်ရုတန်က ယာယီနည်းပြအဖြစ် ကိုင်တွယ်သွားပါမယ်။