
ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ဘိုင်ယန်မြူးနစ်နှင့် ကစားတဲ့ပွဲမှာ ရလဒ်မကောင်းလာဘူးဆိုရင်တော့ အဲရစ်တန်ဟက်ရဲ့ မန်ချက်စတာယူနိုက်တက်နေ့ရက်တွေက လက်ရေချိုးရမဲ့ ကာလသို့ ရောက်လာတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ စနေနေ့တုန်းက အိုးထရက်ဖို့ဒ်ကွင်းမှာ ဘရိုက်တန်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်တတိယမြောက်ရှုံးပွဲ ကြုံတွေ့ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၃ နေရာသို့ ရောက်နေပါတယ်။
ယူနိုက်တက်ဟာ မနက်ဖြန်မှာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ဂျာမနီသို့ သွားရောက်ကာ သောမတ်စ်တူချယ်ကိုင်တွယ်နေတဲ့ ချန်ပီယံလိဂ်ဘီလူး ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်ရပါမယ်။
အခုလို ခက်ခဲတဲ့ ကာလတွင် ဘိုင်ယန်မြူးနစ်နှင့် ရင်ဆိုင်လာရမှုက အဲရစ်တန်ဟက်ကို အဆိုးရွားဆုံးအနေအထားသို့ ရောက်တဲ့အထိ တွန်းပို့လာနိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။
ဒတ်ချ်လူမျိုးနည်းပြဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်အထုတ်ခံရနိုင်တဲ့ နည်းပြများ စာရင်းမှာ ရေပန်းစားမှု မြင့်တက်နေပါတယ်။
ဗြိတိန်ဘွတ်ကီဒိုင် ဝီလျှံဟေးလ်ဟာ အဲရစ်တန်ဟက်ကို ပရီးမီးယားလိဂ်မှ အထုတ်ခံရမဲ့ နည်းပြအဖြစ် ၈/၁လေးအထိ အလေးပေးလာပါတယ်။
အဲရစ်တန်ဟက်ဟာ အထုတ်ခံရမဲ့ နည်းပြများစာရင်းတွင် ထိပ်သီးကလပ်များမှ တစ်ဦးတည်းသော ပါဝင်သူ ဖြစ်ပါတယ်။
အထုတ်ခံရဖို့ ရေပန်းအစားဆုံးစာရင်းတွင် ပေါလ်ဟက်ကင်းဘတ်တွမ်(၁၃/၈)၊ ရှောင်ဒိုက်ချီ(၉/၄)၊ ရော့ဘ်အက်ဝတ်(၈/၁)တို့က ဦးဆောင်နေပါတယ်။
အဲရစ်တန်ဟက်ဟာ ရာသီမစတင်မီတုန်းက အထုတ်ခံရနိုင်တဲ့ နည်းပြများစာရင်းတွင် အလေးပေးမှု ၁၆/၁ သာ ကြေးဖွင့်ခံရတာဖြစ်ပြီး ရလဒ်ဆိုးရွားပြီးနောက် အလေးပေးမှု မြှင့်တက်လာတာ ဖြစ်ပါတယ်။