
အင်ဒရေပီယာလိုဟာ တစ်ရာသီတည်းသာ ကိုင်တွယ်ရပြီးနောက် တူရကီကလပ် Fatih Karagumruk ရဲ့ ထုတ်ပယ်ခြင်းခံလာရပါတယ်။
အီတလီလူမျိုးနည်းပြဟာ ဂျူဗင်တပ်အသင်းရဲ့ ထုတ်ပယ်ခြင်းခံရပြီးနောက် ပြီးခဲ့တဲ့နွေရာသီတုန်းက တူရကီကလပ်ကို စတင်ကိုင်တွယ်လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပီယာလိုဟာ စာချုပ်ဖျက်သိမ်းခြင်းခံရမှုနှင့်အတူ နောက်ထပ်ကလပ်သစ်တစ်ခု ရှာဖွေလာရတော့မှာ ဖြစ်ပါတယ်။
ဂန္ထဝင်ကွင်းလယ်ဖန်တီးရှင်ဟာ အောင်မြင်တဲ့ ဘောလုံးသမားဘဝမှ အနားယူပြီးနောက် နည်းပြလောကသို့ ဝင်ရောက်လာချိန်မှာ ရုန်းကန်နေရပါတယ်။
သူဟာ ဂျူဗင်တပ်၊ အေစီမီလန်တို့နှင့်အတူ စီးရီးအေဖလား ၆ ကြိမ်ဆွတ်ခူးခဲ့တဲ့အပြင် ချန်ပီယံလိဂ်ဖလား ၂ကြိမ်၊ ကမ္ဘာ့ဖလား ၁ကြိမ်လည်း ဆွတ်ခူးခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ နည်းပြလောကမှာတော့ ရုန်းကန်နေရပါတယ်။ သူဟာ ဂျူဗင်တပ်ကို ကိုင်တွယ်တဲ့ ပထမဆုံးရာသီတွင် ကိုပါအီတာလီယာဖလား ရယူပေးနိုင်ခဲ့ပေမဲ့ စီးရီးအေဖလားမရမှုနှင့်အတူ ထုတ်ပယ်ခံခဲ့ရပါတယ်။
ယင်းနောက် သူဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက တူရကီကလပ်ငယ်လေး Fatih Karagumruk ကို ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ နောက်ဆုံး ၄ ပွဲတွင် ၃ ပွဲရှုံးနိမ့်ပြီး အမှတ်ပေးဇယားအဆင့် ၉ နေရာတွင် ရပ်တည်ရပြီးနောက် စာချုပ်ဖျက်သိမ်းခြင်းခံလာရပါတယ်။