တန်းဆင်းရမဲ့အရေးမှ သီသီလေးလွတ်မြောက်သွားခဲ့ပြီးနောက် ကစားသမား ၁၁ ဦးရှင်းထုတ်လာတဲ့အဲဗာတန်

အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်မှ တန်းဆင်းရမဲ့အရေးမှ သီသီလေးလွတ်မြောက်သွားခဲ့ပြီးနောက် ကစားသမား ၁၁ ဦးတို့ကို ထွက်ခွာခွင့်ပေးလာပါတယ်။

ယခုလအကုန်တွင် အဲဗာတန်မှ ထွက်ခွာလာကြမဲ့သူများထဲမှာ နောက်ခံလူယာရီမီနာ၊ အင်ဒရို့စ်တောင်းဆင့်၊ အက်စ်မာဘီဂိုဗစ်တို့လည်း ပါဝင်ပါတယ်။

တဖက်တွင် အဲဗာတန်ဟာ ဆီးမပ်စ်ကိုးမန်း၊ တွမ်ဒါးဗီးစ်၊ အင်ဒီလုန်းနားဂန်တို့ကိ စာချုပ်သစ်ကမ်းလှမ်းခဲ့ပါတယ်။

ဒါ့အပြင် အဲဗာတန်ဟာ အက်ဘ်ဒူလာယီဒူကော်ရီကို စာချုပ်ပါအချက်အတိုင်း တစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုထားပါတယ်။

ဘီဂိုဗစ်ဟာ အဲဗာတန်ရဲ့စာချုပ်သစ်ကမ်းလှမ်းမှုခံခဲ့ရပေမဲ့လည်း ထွက်ခွာရန် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဗာတန်ဟာ လူငယ်ကစားသမားများဖြစ်ကြတဲ့ အီနာအိုင်ဗာဆင်နှင့် အိုင်ဆစ်ပရင့်စ်တို့ကိုလည်း ထွက်ခွာခွင့်ပေးခဲ့ပါတယ်။

အကယ်ဒမီကစားသမားများဖြစ်ကြတဲ့ ရဲလ်ကာဟးလ်၊ ထရွိုင်းစမစ်ခ်လီဂျိမ်းစ်၊ ချာလီအိုလ်ဆင်၊ ဟယ်ရီရိုက်၊ ဆမ်ကလောက်လန်၊ ဆာဂျာမာနာဖာတို့မှာလည်း စာချုပ်သစ်ကမ်းလှမ်းခြင်းမခံခဲ့ရပါဘူး။ ဆမ်ကလောက်လန်နှင့် ဆာဂျာမာနာဖာတို့မှာ ဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး အသင်းတွင်ပင် ပြန်လည်ထူထောင်ရေး ဆက်လက်လုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။

အဲဗာတန်နည်းပြရှောင်ဒိုက်ချီဟာ လာမယ့်ရာသီတွင် တန်းမဆင်းရရေးတိုက်ပွဲဝင်ရတဲ့အဖြစ်မျိုး ထပ်မကြုံတွေ့စေရန် အသင်းကို အားဖြည့်မှုများ ပြုလုပ်ရန် စီစဉ်နေပြီး ဘန်လေတိုက်စစ်မှူးဝေါက်ဝက်ဟော့စ်အား ခေါ်ယူရန် စီစဉ်နေပါတယ်။