
ဂျာမနီနည်းပြဟန်စီဖလစ်ဟာ ဂျပန်နှင့် ခြေစမ်းပွဲတွင် ၄-၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် ဖိအားများ ပိုမို ကျရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
အဆိုပါပွဲတွင် ပွဲချိန် ၁၁ မိနစ်မှာပင် ဂျန်ယာက ဂျပန်အတွက် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ဘိုင်ယန်မြူးနစ်စတားလီရွိုင်းဆာနေးက ပြန်လည်ချေပနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ချက်ချင်းဆိုသလို အူဒါက ဂျပန်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့လို့ ပထမပိုင်းမှာ ဂျပန်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။
ယင်းနောက် ပွဲပြီးခါနီးမှာ ကူဘိုရဲ့ ဖန်တီးမှုကနေ အဆာနိုနှင့် တာနာကာတို့က ဂျပန်အတွက် ဂိုးများ ထပ်မံသွင်းယူခဲ့တာကြောင့် ဂျပန်တို့ ၄-၁ ဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။
ဟန်စီဖလစ်ဟာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ဂျာမနီအသင်းကို ကိုင်တွယ်ပြီးနောက် ၂၅ ပွဲကြီးကြပ်ထားရာမှာ ၁၂ ပွဲတည်းသာ နိုင်ပွဲ ရယူထားနိုင်ပါတယ်။
၎င်းတို့ဟာ ကမ္ဘာ့ဖလားအုပ်စုတုန်းကလည်း ဂျပန်ကို ရှုံးနိမ့်ပြီး အုပ်စုမှပင် ထွက်ခွာခဲ့ရပြီး ဖြစ်ပါတယ်။ ၎င်းတို့ဟာ နောက်ဆုံးကစားတဲ့ ၁၂ ပွဲတွင် ၃ ပွဲတည်းသာ နိုင်ပွဲရယူထားနိုင်ပါတယ်။