ကာတာသဌေးရဲ့နောက်ဆုံးကမ်းလှမ်းမူနှင့်ပတ်သက်ပြီးပီအက်စ်ဂျီဉက္ကဌနှင့်ဆွေးနွေးလာတဲ့မန်ယူပိုင်ရှင်များ

မန်ချက်စတာယူနိုက်တက်ပိုင်ရှင်များဟာ အသင်းကို ဝယ်ယူရေးအတွက် ကာတာဘဏ်သူဌေးရှိတ်ဂျက်စ်ဆမ်ဘင်ဟာမက်အယ်သာနီရဲ့ကမ်းလှမ်းမှုနှင့်ပတ်သက်ပြီး ပီအက်စ်ဂျီဥက္ကဌနက်စ်ဆာအယ်ခီလိုင်ဖီနှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။

ဂလေဇာမိသားစုဟာ ကာတာသူဌေးအယ်ခီလိုင်ဖီနှင့် ရင်းနှီးကျွမ်းဝင်လာခဲ့တာ နှစ်အတန်ကြာပြီ ဖြစ်ပါတယ်။

ရှိတ်ဂျက်စ်ဆမ်ဟာ မကြာသေးမီတုန်းက ယူနိုက်တက်ကို အပြီးသတ်ဝယ်ယူရေးအတွက် ပဥ္စမအကြိမ်နှင့် နောက်ဆုံးကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ တဖက်တွင် ယူနိုက်တက်ရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူရန် ဗြိတိန်ရဲ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဆာဂျမ်ရက်ကလစ်ဖ်ကလည်း ကမ်းလှမ်းထားပါတယ်။

ဒါ့အပြင် အယ်ခီလိုင်ဖီဟာ ယူနိုက်တက်ကို ရောင်းချရေးအတွက် ကြားဝင် လုပ်ဆောင်နေတဲ့ အမေရိကန်ရင်းနှီးမြှပ်နှံရေးကုမ္ပဏီ Raine Group နှင့်လည်း စကားပြော ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဂလေဇာမိသားစုဟာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဘက်က ရှိတ်ဂျက်စ်ဆမ်ရဲ့ ယူနိုက်တက်အား ဝယ်ယူမှုမှာ ကာတာအစိုးရရဲ့ ထောက်ပံ့ငွေနှင့်လား၊ သူ့ကိုယ်ပိုင်ငွေဖြင့် လုပ်ဆောင်တာလားဆိုတာ အတိအကျ သိလိုမှုဖြင့် ပီအက်စ်ဂျီဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခဲ့တာလို့ ယူဆရပါတယ်။

တဖက်တွင် ရှိတ်ဂျက်စ်ဆမ်ဟာ ယူနိုက်တက်ကို ဝယ်ယူရေး ကမ်းလှမ်းထားတဲ့ ငွေများက ကာတာအစိုးရနှင့် ဆက်စပ်မှု မရှိဘဲ သူ့သီးသန့်ငွေများဖြင့် ကမ်းလှမ်းထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အယ်ခီလိုင်ဖီဟာ ဥရောပထိပ်သီးကလပ်တစ်ခုအား မည်သို့ ဦးဆောင်လုပ်ဆောင်သွားရမယ်ဆိုတာနဲ့ပတ်သက်ပြီး ရှိတ်ဂျက်စ်ဆမ်ကို အကြံဉာဏ်များ ပေးနေကြောင်းလည်း သိရပါတယ်။