ကာတာကလပ် Al-Duhail သို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့လာတဲ့ ဗီလာစတားကော်တင်ဟို

အက်စတွန်ဗီလာရဲ့ဖီးလစ်ပီကော်တင်ဟိုဟာ ကာတာကလပ် Al-Duhail သို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားလာပါတယ်။

အသက် ၃၁ နှစ်ရှိ ဘရာဇီးအလယ်တန်းကစားသမားဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဗီလာအတွက် ၂၂ ပွဲတည်းသာ ကစားခွင့်ရပြီး ၁ ဂိုးတည်းသာ သွင်းပေးနိုင်ခဲ့ပါတယ်။ သူဟာ ယခုရာသီတွင်လည်း အရန်အဖြစ် ၂ ပွဲတည်းသာ ကစားခွင့်ရထားပါတယ်။

သူ့ရဲ့ ဗီလာနှင့် စာချုပ်သက်တမ်းမှာ ၂၀၂၆ ခုနှစ်တွင်မှ ကုန်ဆုံးပါမယ်။

ကော်တင်ဟိုဟာ ဘာစီလိုနာမှ အငှားဖြင့် ခြောက်လလာကစားပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ဗီလာသို့ အပြီးသတ်ပြောင်းခဲ့သူ ဖြစ်ပါတယ်။

သူဟာ လီဗာပူးမှ ဘာစီလိုနာသို့ ပေါင် ၁၄၂ သန်းဖြင့် ပြောင်းရွှေ့ကစားပြီးနောက် နူးကမ့်တွင် ကစားတ့ ၄ ရာသီတွင် ဆိုးရွားတဲ့ကာလကြုံတွေ့ခဲ့ရပါတယ်။ သူဟာ ဗီလာတွင်လည်း ဒဏ်ရာပြဿနာများနှင့် ကြုံရကာ အကောင်းဆုံးပုံစံ ဆက်တိုက်ပြသရန် ရုန်းကန်ခဲ့ရပါတယ်။