
အာဆင်နယ်တောင်ပံကစားသမားဂါဘရီရယ်မာတင်နယ်လီဟာ အဲဗာတန်နှင့်ပွဲတွင် ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကလပ်ရဲ့ အရေးအပါဆုံးပွဲများကို လွဲချော်လာဖို့ ရှိနေပါတယ်။
မာတင်နယ်လီဟာ မနေ့ညတုန်းက အဲဗာတန်နှင့်ပွဲစဉ်တွင် ပွဲချိန် ၂၁ မိနစ်မှာ ဖေဘီယိုဗီအဲရာရဲ့ လှပတဲ့ ပေးပို့မှုကနေ အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အက်ဒီနကီတာ လူကျွံနေမှုနှင့်အတူ ယင်းဂိုးကို VAR က ခွင့်မပြုခဲ့ပါတယ်။
သူ့အတွက် စိတ်ပျက်စရာကောင်းတာက ယင်းနှင့် မရပ်တန့်သေးပါဘူး။ သူဟာ ယင်းဂိုးသွင်းစဉ် ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။
သူဟာ ၂၄ မိနစ်မှာ လီယန်ဒရိုထရိုဆတ်နှင့် လူစားလဲခဲ့ပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ အာဆင်နယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဘရာဇီးတိုက်စစ်သမားဟာ ကြွက်သားဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ဒတ်ချ်ကလပ် ဗီအက်စ်ဗွီကို ဧည့်ခံကစားရမဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲကို လွဲချော်လာဖို့ ရှိနေပါတယ်။
ပီအက်စ်ဗွီနှင့်ပွဲစဉ်က အာတီတာရဲ့ အာဆင်နယ်နည်းပြအဖြစ် ပထမဆုံးချန်ပီယံလိဂ်ပွဲ ကိုင်တွယ်တဲ့ ပွဲ ဖြစ်လာပါမယ်။ အာဆင်နယ်ဟာလည်း ၂၀၁၆-၁၇ ရာသီနောက်ပိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမဲ့ မြောက်လန်ဒန်ဒါဘီပွဲဖြစ်တဲ့ စပါးစ်နှင့်ပွဲကိုလည်း လွဲလာဖို့ ရှိပါတယ်။